လေယာဉ်ပျက်တစ်စီးလိုဝေါခနဲထိုးဆင်းလာတဲ့ အကုသိုလ်တွေပါ
တံစက်မြိတ်ပေါ် တစက်စက်စီးကျနေတဲ့ နေရောင်လို တစ်ဘဝလုံးစိတ်ပူနာနဲ့ စိုရွှဲခဲ့ရတဲ့မျိုးဆက်
ကုလားအုတ်တစ်ကောင်လို သဲပူပူပေါ် မတ်မတ်ရပ်နိုင်ဖို့
ကိုယ့်ကိုယ်ကျင့်တရားကို ကိုယ့်ဖဝါးမှာ ဘယ်အချိန်ထိ သံမှိုစွဲထားရမလဲ
ယုံကြည်တယ် မွေးရာပါသွေးဆာနေတဲ့ဓားမရှိဘူး
ယုံကြည်တယ် ကျမ်းစာလာရန်ရှာနေတဲ့တရားမရှိဘူး
ဓားလိုထက်ရှတဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ တရားကိုဆက်သဖို့
ရန်လိုစိတ်ကို သတ်ဖြတ်ပစ်ရမယ်
အခုတော့ ပြည်တွင်းစစ်ကြီးက ပြည်သူအပေါ် ကမ္ဘာပျက်မီးလို စွဲလောင်တယ်
ဆင်းရဲတွင်းက ဂုဏ်သိက္ခာကို ဇိမ်ခေါင်းလို ဆွဲဆောင်တယ်
ငါတို့ဟာ အညွန့်ခုတ်ခံထားရတဲ့အပင် အမြစ်နှုတ်ခံထားရတဲ့အပွင့်
လမ်းမရှိတဲ့ခရီးမှာ ကျည်မရှိတဲ့သေနတ်နဲ့ လောကဓံကို ဘယ်လိုပစ်ချလိုက်ရမလဲ
ကိုယ့်ရင်ဝထဲစိုက်နေတဲ့ဓားလောက် ဘယ်ဓားမှ အန္တရာယ်မကြီးဘူး
ကိုယ့်ဦးခေါင်းပေါ်တောက်နေတဲ့မီးလောက် ဘယ်မီးမှ အပူမကြီးဘူး
Tuesday, March 3, 2015
စိတ်ခတ်ကျောက် ၃
Posted by
Unknown
at
1:58 AM
0
comments
Labels: ညီလင်းနိုင်
စိတ်ခတ်ကျောက် ၁
သတ်ကွင်းထဲကအထိအရှကို ဓားတစ်စင်းလိုဆွဲထုတ်လိုက်မိတယ်
လည်မျိုထဲဓားနှောင့်ရိုးထိစိုက်ဝင်နေတဲ့ဓားကိုဆွဲထုတ်လိုက်သလိုမျိုး
လူ့ဘဝဟာလက်ဆောင်တစ်ခုဆိုရင် ကိုယ့်ရဲ့ဆာလောင်မှုကဗလာ
ဘယ်အကြောင်းတရားက စိတ်ကိုမီးညှိသွားတာလဲ
မနက်ဖြန်ဟာလည်းဒီနေ့လို ခြေကုန်လက်ပန်းကျဦးမယ်
နောက်ဆုံးလက်ကျန်နဲ့တွန်းထုတ်လိုက်တဲ့သက်ပြင်းဟာ သံသရာတစ်ခုစာမီးတွေနဲ့
ညအသားထဲ တဖျတ်ဖျတ်စိုက်နေတဲ့ကြယ်တွေကိုချစ်လို့ ဒီအမှောင်ထဲလက်ကုန်တိုးဝင်ခဲ့တာ
သွေးပျက်လောက်စရာမိုက်လုံးကြီးခဲ့ပုံများ ဘရိတ်ပေါက်နေတဲ့လမ်းပေါ် ဆယ်ဘဝစာလက်မှတ်တက်ဖြတ်မိတယ်
ကောင်းပေကောင်းရဲ့နဲ့အမြင့်ကိုခေါင်းနဲ့တက်ခဲ့ကြ
စင်ချင်းတူရင်တောင် ငါတို့အခုရောက်နေတာက ကြိုးစင်
မင်းလည်းပြည်ပမှာပြည်လွမ်းနာကျပြီး ပြည်တည်နေသလို
ငါလည်းပြည်တွင်းမှာ ပြင်မရတဲ့ပျက်အစဉ်တွေထဲ ပြည်တည်နေတယ်
Posted by
Unknown
at
1:58 AM
0
comments
Labels: ညီလင်းနိုင်
စိတ်ခတ်ကျောက် ၇
ကိုယ့်ထက်မြက်မှုကို အသက်နဲ့လဲပြီးကာကွယ်ပါ တဲ့
ဆယ်ဘဝစာညံ့နေတဲ့အသံထွက်ဖြစ်ပစေ မင်းအရောင်အသွေးကိုမီးလိုပျိုးထောင်ပြခဲ့လိုက်
လျှပ်စစ်လိုခလုတ်ဖွင့်မှ သေမိန့်ထုတ်ခွင့်ရတဲ့ အာဂန္တု Danger မဖြစ်စေနဲ့
ကိုယ့်ခါးဆစ်ရိုးပေါ်ကိုယ်ခွေပြီး ကိုယ့်အဆိပ်ပေါ်ကိုယ်တိုင်သစ္စာစောင့်သိသူဖြစ်ပစေ
ငါမပြောဘူးလား
အခုတော့ မင်းယဉ်ကျေးမှုကိုသူတို့နွားတံဆိပ်ကပ်လိုက်ကြပြီ
အခု မင်းကိုသူတို့ဝိုင်းထားပြီ
မင်းနောက်ကျောကိုရေနံတွင်းလိုအစဆွဲထုတ်ပြီး မီးလိုသူတို့ဝိုင်းထားပြီ
မီးကျိုးမောင်းပျက်ပြက်လုံးတွေနဲ့ မင်းကိုကြိုးတုပ်ပြီး မင်းဂိုးပေါက်ထဲကိုပန်နယ်တီကန်သွင်းကြတော့မယ်
ငါ့အသက်ကိုလောင်းကြေးထပ်ပြီး မင်းကိုသတိပေးခဲ့မယ်
မင်းအသက်ဇီဝကို ကျည်ကာမချွတ်နဲ့
မင်းလျှောက်နေတဲ့ခရီးမှာ ဗလာမဲမပါတဲ့နင်းမိုင်းတွေချည်းပဲ
မိုင်းနင်းမိလို့လွင့်စင်ပဲ့ထွက်သွားတဲ့ အသားစတစ်ဖတ်ဖြစ်ပစေ
မင်းနာမည်ကိုသွေးနဲ့ရေးထွင်းပြီး လျှပ်စီးလိုထစ်ချုန်းပြခဲ့လိုက်
Posted by
Unknown
at
1:57 AM
0
comments
Labels: ညီလင်းနိုင်
စိတ်ခတ်ကျောက် ၈
ခေါက်ရိုးကျိုးအောင်ထိုးချေခံထားရတဲ့တနင်္ဂနွေကိုနေထုတ်လှမ်းလိုက်တယ်
ဒါ အဆိပ်ရှစ်အောင်စထဲက မီးလိုထိုးထွက်လာတဲ့အသံ
အဆီလည်းဝင်းမှည့်မနေပဲနဲ့ မနက်ခင်းတိုင်းဟာသဲတရှပ်ရှပ်
တဖျပ်ဖျပ်ဆွဲလှန်ကြည့်လိုက်ရင် ဒဏ်ရာတိုင်းမှာသွေးဟာမြစ်လိုစီးနေတော့တာပဲ
ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ
နိုင်ငံတော်သီချင်းဟာ မြေသိမ်းခံလိုက်ရသူတွေရဲ့နှလုံးသည်းပွတ်ထဲ
ဓားသံလျက်တွေလို ပြိုးပြိုးပြက်ပြက်စီးဝင်သွားခဲ့တယ်
အိပ်ယာမရှိတဲ့ညဟာ ကမ္ဘာပျောက်တဲ့ညပဲ
လု လု ခံနေရတဲ့အခွင့်အရေးကို သွေးရူးသွေးတန်းဖြဲရှာနေရတဲ့အဓိပ္ပာယ်
ကျွဲပခုံးထနေတဲ့နှစ်ကာလနဲ့ အသားနုမတက်နိုင်သေးတဲ့လောကဓံနဲ့
တစ်လမ်းမှ မမောင်းလိုက်ရပဲနဲ့ လေးဘီးလုံးပွင့်ထွက်သွားတဲ့နေ့တွေ
ငါတို့ဟာ ဒေါ်လာသန်းရာချီတန်တဲ့ပန်းချီကားချပ်ထဲက ထမင်းငတ်နေတဲ့သူတောင်းစား
ငါတို့ဟာ ဇာတိဂုဏ်ကိုပခုံးမှာထမ်းပြီး ကမ္ဘာပတ်နေတဲ့ဇာတ်ပျက်ကျွန်
ငါတို့ဟာ အမျိုးဂုဏ်ကိုခေါင်းမှာရွက်ပြီး ခြေတော်တင်ခံနေရတဲ့အိမ်ဖော်
Posted by
Unknown
at
1:55 AM
0
comments
Labels: ညီလင်းနိုင်
စိတ်ခတ်ကျောက် ၉
အဆင်ပြေလားမေးရင် လောင်မီးကျနေတယ်က စ ရမှာပဲ
လောင်စာဆီ ဆမ်းထားတဲ့လမ်းပေါ်က ထင်းလိုပုံနေတဲ့စိတ်ဖြတ်စတွေ
သံသယတိုင်းဟာ ဓားခုတ်ရာတွေနဲ့လင်းလို့ မြင်ကွင်းတွေကလည်း အလျှံတညီးညီးနဲ့လောင်လို့
အသားလိုလို့ အရိုးတောင်းနေတာလား မျှော်စင်ပြီးဖို့ငြမ်းဝင်ထိုးတ
မီးကုန်ယမ်းကုန်ကျိုးကြေသွားတဲ့
လိုရာခရီးကနေ နောက်ပြန်လျှောက်ခဲ့တယ်
လူသတ်ရင် တစ်ခါပဲသေမယ် စိတ်ကိုသတ်ရင် သံသရာတစ်ခုစာသေသတဲ့
သေနေတဲ့စိတ်မှာ မြင်လိုစိတ်ဟာဗလာ မြင်ကွင်းကလည်းဗလာ
ဘဝတွေကလည်းဗလာ တိုင်းပြည်ကလည်းဗလာ
ဘယ်လက်ထဲကဖုန်းကို ခေါ်ဆိုလိုက်တိုင်း
ညာလက်ထဲကဖုန်းဟာ လူကြီးမင်းနဲ့ချည်းတိုးနေရတဲ့စန
Posted by
Unknown
at
1:54 AM
0
comments
Labels: ညီလင်းနိုင်
သားကောင်
သူ့မျက်လုံးထဲ အလျှံတညီးညီးပွင့်နေတဲ့နေရောင်
မီးလိုကျွက်ကျွက်ဆူနေတဲ့အရေပြားပေါ်
ချွေးစက်ကိုရွှဲရွှဲစိုအောင်ဆမ်းပြီး လောကဓံကိုအံတုထားတယ်
ဟောင်းလောင်းပွင့်ထွက်နေတဲ့အစာအိမ်ဟာ လည်မျိုကိုဖြဲနင်းပြီး
ပက်ကြားအက်နေတဲ့ သူ့နူတ်ခမ်းပေါ် အရိုးတစ်ချောင်းလိုငေါထွက်လာတယ်
ခုတ်လှဲခံထားရတဲ့စိတ်ကို ခေတ်ပျက်ကြီးထဲကျွတ်ကျန်ရစ်ခဲ့တဲ့
ခါးဆစ်ရိုးပေါ် တွန်းရွှေ့ထားပုံရတယ်
Posted by
Unknown
at
1:53 AM
0
comments
Labels: ညီလင်းနိုင်
ခေတ်ကြီးကခါးတော့ နောက်ဆုံးခံတပ်မှာ ခံနိုင်ရည်မရှိခဲ့ဘူး
အမြှုပ်တစီစီထနေတဲ့ ခွေးတစ်ကောင်လို ခေတ်ကြီးက ထိုးထိုးဟောင်တယ်
ဆုတောင်းမှားတယ်ပဲပြောပြော သေချင်လို့တောပြောင်းတယ်ပဲဆိုဆို
ဝမ်းစာကိုထောက်ထားတဲ့ သေနတ်အောက်ကနေ ပြည်ပကို ဖြိုးဖြိုးဖြောက်ဖြောက် တွားတက်ခဲ့
နီယွန်ညကြီး ဝါးလုံးထိုးမောင်းဝင်လာသလို
စိန်စီအိပ်မက်တွေနဲ့ပဲ ဖြစ်သလိုလေးအိပ်ယာဝင်ပစ်ခဲ့လိုက်တယ်
ထိုးမယ့်ဆင်လို နောက်တစ်လှမ်းဆုတ်နေတုန်း ပွဲမဝင်ခင် အပြင်ကကျင့်နေတုန်း
မြွေတစ်ကောင်ရဲ့ ခါးဆစ်ရိုးတွေပြုတ်ထွက်သွားသလို ကိုယ်ကျင့်တရားဟာ တစ်ဆစ်ချင်း
အမှည့်ခြွေခံနေရတာမဟုတ်ဘူး အရွက်တွေကြွေသွားတာမဟုတ်ဘူး
ဘဝဟောက်ပက်ကြီးထဲ ဖြစ်စဉ်တိုင်းရဲ့နိဒါန်းကို ပလိုင်းပေါက်နဲ့ဖားကောက်နေရခြင်းမှာ
ဝမ်းနဲ့လွယ်မွေးထုတ်လိုက်တဲ့ဓားတွေလို အမှားတွေဟာ တမြိမြိမြခဲ့ရ
အမှောင်ကိုလွယ်ထားရတဲ့မျက်လုံးထဲ လောက်တွေ တရွရွတွားတက်လာသလို
ဘယ်ဆောက်သွားမျိုးနဲ့မှ အိမ်ပြန်လမ်းကို မထွင်းဆစ်နိုင်တော့ဘူး
နေ့နေ့ညည ကိုယ့်ခြေထောက်ကို ကိုယ်တိုင်ကိုယ်ကျ ဝံ့ဝံ့စားစား သံခြေချင်းခတ်ထားရ
ကိုယ့်စိတ်ကလေးကိုယ် လုံလုံခြုံခြုံထူးခတ်ရင်း စက်ရုပ်တစ်ကောင်လို စက်သွားတွေ လှည့်ခဲ့ရ
Posted by
Unknown
at
1:50 AM
0
comments
Labels: ညီလင်းနိုင်
အိမ်အပြန်
အသက်ဇီဝဟာ ကားနောက်ဖုံးထဲမှာ
လိုဏ်ဂူထဲ ၇ ရက်ပိတ်မိနေတဲ့ ရဟန်းကို ပထမဆုံး ကိုယ်ချင်းစာမိတယ်
ရေစိုအဝတ်အထပ်ထပ်ပတ်ထားတဲ့ အလုံပိတ် အနက်ရောင်ဗူးခွံထဲမှာလို
သေမင်းရဲ့အရောင်ဟာ အမှောင်
ကားအိတ်ဇောငွေ့ဟာ အမှောင်ကိုဖြတ်ပြီး
အဆုတ်နံရံတွေကို သန်မာစွာ ဆုပ်ချေညှစ်ပစ်လိုက်တယ်
ချိုးထားရတဲ့ဇက်ကို မတ်မရဘူး
လိမ်ထားရတဲ့လည်ကို ဖြည်မရဘူး
ကွေးထားရတဲ့ခြေကို ဖြောင့်မရဘူး
နာကျင်ကိုက်ခဲမှုဟာ တစ်ဘဝစာ
Posted by
Unknown
at
1:43 AM
0
comments
Labels: ညီလင်းနိုင်
ဘယ်တော့မှမကုန်တဲ့မီးစာဟာ စိတ်အသားနုကိုမလွတ်တမ်းဝင်ခဲထားတယ်
စပ်မိစပ်ရာဟာ စစ်တလင်းပဲ
မျက်လုံးထဲကျည်ကပ်အပြည့်ဖြည့်ထားတဲ့ စုန်းတောက်နေတဲ့ ပါးပျဉ်းငေါငေါတွေ
လတ်ဆတ်တဲ့အတွေးအခေါ်မှန်သမျှ ကာလယန္တယားရဲ့ခံတွင်းကြီးထဲ မှိုစော်နံသွားသလိုမျိုး
ဒီနေ့သတင်းစာဟာ ဒီနေ့အတွက်ပဲလား
ဖြတ်ဖောက်ချုပ်ထားတဲ့ အမည်နာမတွေ အဆီရွှဲနေတဲ့ဟန်ကြီးပန်ကြီးတွေ
ကျောက်သားနဲ့ထွင်းထားတဲ့အတွေးအခေါ်ဟာ ရေညှိပေါ် ချော်လဲရောထိုင်သွားသလိုမျိုး
စိတ်ကိုဂျက်ပင်ထိုးလိုက်တိုင်း Suicide သီချင်းက အရိုးကွဲအောင်ထိ မိုင်ကုန်မောင်းဝင်လာတယ်
ဆုတ်ဖြဲခံထားရတဲ့တောင်တန်းကြီးတွေအောက် နေရောင်ကိုလက်ထိုးအန်နေရတဲ့ မြေစာမြက်တွေ
ပြည်တန်တဲ့ တန်ဆာတွေ ဖွေးဖွေးလှုပ်နေတဲ့ နေကြာပန်းခင်းကြီးထဲက
ဝမ်းဟောင်းလောင်းနဲ့ ပြည့်တန်ဆာတွေ
ထမင်းတစ်နပ်စာဟာ တစ်ဘဝစာလုံးကို အနုကြမ်းဝင်စီးပစ်လိုက်တဲ့အကြောင်း
နိုင်ငံသားဟာ နိုင်ငံ့အရေးနဲ့မသက်ဆိုင်တဲ့အတွက် နိုင်ငံသားရဲ့အဓိပ္ပါယ်ဟာ
ခွက်ထိုးခွက်လန်ဟာသဖြစ်ကြောင်း
ရှင်သန်မှုနဲ့အောင်မြင်ခြင်းအတွက် ဖန်ဆင်းရှင်ကို ကျေးဇူးတင်ရပြီး
ဗုံးဆံထဲချိတ်ပါသွားတဲ့အသားတစ်ကိစ္စဟာ အစွန်းရောက်လက်ချက် သက်သက်သာဖြစ်ကြောင်း
Posted by
Unknown
at
1:40 AM
0
comments
Labels: ညီလင်းနိုင်
လွဲမှားတဲ့အတိုင်း
ကမ္မသတ္တိကြောင့်ပဲရရ ဘုရားသခင်ကြောင့်ပဲရရ သန္ဓေစိတ်မှာကတည်းက
စွဲလောင်နေတဲ့မီးတောက်
ရှင်သန်ခြင်းဟာ သဲပူပူပေါ်ပစ်တင်ခံထားရတဲ့ငါး
ကျိုးကြေနေတဲ့စိတ်အခွံထဲ ငွေကြေးဟာ မမြင်ရတဲ့ပထမအသက်
သေနေတဲ့ဘဝတွေထဲက ရှင်နေတဲ့ဒုက္ခနဲ့ ရှင်နေတဲ့ဘဝတွေထဲက သေနေတဲ့စိတ်
တစ်ယောက်ရဲ့လျှာပေါ်မှာ စုတ်ပြတ်သတ်သွားတဲ့ တစ်ယောက်ရဲ့အမြှေးပါးလို
မီးသဂြုင်္ိလ်စက်ထဲကနေ ကိုယ့်ဘဝကိုယ် သွေးရူးသွေးတန်းဆွဲလုနေရတဲ့အဓိပ္ပါယ်
စိတ်ကူးဟာအိပ်မက်လိုပေါ့ပါးပြီး လက်တွေ့မှာဘဝဟာသွေးသံရဲရဲ
နာနေတဲ့စိတ်ထဲ စိပ်နေတဲ့အနာတွေကြား လူ့ယဉ်ကျေးမှုကြီးတစ်ခုလုံးကို
ခေတ်ကြီးကခုတ်လှဲသွားတယ်
ဒုက္ခလောင်စာတွေနဲ့စိုစွတ်နေတဲ့အခန်းထဲ မီးပွားကလေးကအစ
အချိန်တိုင်းဟာ သေရေးရှင်ရေး
ပလက်ဖောင်းပေါ် မိုက်မိုက်မဲမဲထိုးဟောင်နေတဲ့သီချင်းလို
ကိုယ့်အသံဟာ ကိုယ့်နားစည်ကိုရိုက်ခွဲနေရုံသက်သက်ပဲ
Posted by
Unknown
at
1:36 AM
0
comments
Labels: ညီလင်းနိုင်
ငါ့အသံဟာငါ့လည်မျိုကိုဖောက်ထုတ်သွားခဲ့တဲ့ နေ့ ငါ့တရားဟာငါ့အသားကို ခုတ်လှီးသွားခဲ့တဲ့ ည
နံရံပေါ်စီးကျနေတဲ့ သွေးစီးကြောင်းလို အမှောင်ထဲစိုက်ဝင် အသားသေနေတဲ့စိတ်
နာကျင်မှုသိပ်သည်းဆ မီးခိုးမျှင်စိတ္တဇ အက်ကွဲနေတဲ့အသံတွေဟာ စိတ်ကို တရိရိလှီးထုတ်ခြင်း
ကိုယ်ပိုင်အခန်းနံပါတ်ဟာ သွေးဆုံးနေတဲ့မိန်းမလို ညယောင်ဆောင်ထားတဲ့ အမှောင်တိုက်ကြီးပဲ
သေခြင်းတရားရဲ့ဖိတ်စာအသစ်စက်စက်အပေါ် စိတ်လိုလက်ရ မီးကုန်ယမ်းကုန် ဖွင့်ထားမိတဲ့သီချင်း
ငါ့ရင်နဲ့ထွင်းတဲ့အလင်းမှာငါ့ခြေထောက်တွေမလင်းခဲ့ကြဘူး
အသံတစ်ဖက်ဆာနေတဲ့စပီကာအကွဲကြီးလို ငါ့အသိတရားကို
ငါကိုယ်တိုင်ပဲ ခုတ်သတ်သဂြုင်္ိလ်ပြီး စစ်ပြေးလမ်းထဲ ပစ်ထည့်ထားလိုက်မိတော့မယ်
မြို့ကြီးပြကြီးရဲ့အရေပြားဆိုတာ ခုတ်သားစတွေလို ယင်တလောင်းလောင်းနဲ့ အညှီရုံကြီး
စိတ်ကြွဆေးနဲ့အိပ်ယာဝင်ပြီးရင် ပဋိသန္ဓေတားဆေးနဲ့မျက်နှာသစ်တယ်
စွန့်ပစ်သန္ဓေသားဟာ မြို့ပြညထဲ နေ့စဉ်ထွက်ကျလာတဲ့ အသားပိုအမှိုက်
" ရေခဲရှုလို့ ရှေ့သွားတွေကြွေမှန်းမသိအောင် ဘာညာ အထာနဲ့ ဆိုင်ကယ်အက်ဆီးဒင့်ပဲ ရွှီးရတာပေါ့ "
" ဒီဇယားက အေးဆေးပါ ရေခဲကျွေးရင် တစ်ညလုံးအမုန်းဆွဲပဲ "
" ခေတ်သစ်ရဲ့ ညစာဆိုတာ လိင်သားပဲလေ မောင်လေးရဲ့ "
Posted by
Unknown
at
1:31 AM
0
comments
Labels: ညီလင်းနိုင်
Monday, March 2, 2015
မန္တလေး
နတ်သမီးတစ်ပါး ဖွဲ့ယက်ထားတဲ့ဆည်းဆာတွေ ကျုံးပေါ်ကိုလျှံကျလို
့အရှေ့ဘက်ရှမ်းရိုးမတောင်တန်းက ပြာလွင်လွင်တိမ်စတွေဦးခေါင်းမှ
နဂါးတစ်ကောင်ရှည်လျားရစ်ခွေထားသ
သိမ်မွေ့တဲ့အင်အားနဲ့ ဧရာဝတီ
အနောက်ဘက် မင်းဝံတောင်နဲ့ ထုံးဖြူဖြူစေတီ
Posted by
Unknown
at
5:12 AM
0
comments
Labels: ဇော်သူရ
အနက်ရောင်များနေတဲ့ စုတ်ချက်တွေ
ဘုရားသခင်ကောင်းချီးပေးဖို့မေ့လျှော့မှုမှာ သူပါတယ်
အရာရာကပြတင်းပေါက်ကျဉ်းလေးထဲကို မချိမဆန့်ဝင်လာတဲ့ မီးလျှံတွေ
လက်တံမှားတာပါ ..
သိပ်ပြသနာမရှိဘူးဆိုပေမယ့် ဘာနဲ့ပြန်ပေးမှရနိုင်တော့မှာလဲ နှင်းရ
ဒီလို ရှူရှိုက်စရာမဲ့တဲ့အောက်ဆီဂျင်ဘူးကို
သစ်ရွက်ခြောက်များ ကြွေပြီ
အ၀တ်မပါမိုးရေစက်တွေက အ၀တ်ပါတဲ့လူတစ်ယောက်ရဲ့ကိုယ်ထည်ကိုစိမ့်ဝင်
အတွင်းသားနက်နက်တွေ တူးဆွခံရ
သံလမ်းပေါ်မှရထားဟာ ခြေချော်ခဲ့ ၊ ဖျက်ရာမပါတဲ့ဆောင်းကို လိုချင်ခဲ့ပါတယ်
Posted by
Unknown
at
5:11 AM
0
comments
Labels: ဇော်သူရ
လူငယ်
ဆံပင်ရှည်သလို အတွေးပါရှည်ခဲ့တယ်
အရက်သောက်တိုင်းအရက်သမားမဟုတ်ဘူ
လမ်းမအုတ်ခုံကပေါင်းလို့အကောင်း
ဂစ်တာသံဟာရင်ဘတ်ဖြစ်တယ်
အခုထွေးလိုက်တဲ့ကွမ်းသွေးမှာ
ခင်ဗျားပါကောင်းပါနိုင်တယ်
စီးကရက်ခြွေချလိုက်တဲ့
ပြာမီးပေါက်အ၀တ်အထည်ဟာ
အမြတ်နိုးဆုံး ပိုးဖဲ...၊
ဖိနပ်ပါးလေးရှိတယ်
ခါးကြားလိပ်ထားတဲ့အရက်တစ်လုံးဖိ
ခင်ဗျားနားမလည်တဲ့စာအုပ်တစ်ချို
Posted by
Unknown
at
5:10 AM
0
comments
Labels: ဇော်သူရ
အိပ်တန်းဝေး ဝေး ၊
လင်ကွန်းဘာရိုးကိုကယ်ဖို့ မိုက်ကယ်စကိုးလ်ဖီးလ်ကဖောက်စ်ရေ
Posted by
Unknown
at
5:08 AM
0
comments
Labels: ဇော်သူရ
လောင်ကျွမ်းခြင်းအနက်ရောင်
မြေအောက်ရထားတစ်စီးရဲ့ တိုတင်ပြားကိုကိုင်ထားတယ်
လေအေးပေးစက်တွေကထွက်လာတဲ့အပူတွေ
အေးချမ်းဆိတ်ငြိမ်တဲ့အရောင်ကို သုံးကြည့်ချင်တယ် ၊ အိုး..လူစီဖာ
အဝေးပြေးလမ်းမမှာ ကားတွေဘရိတ်ပေါက်ကုန်တဲ့အကြောင်
လက်ထဲမှာ ကိုးနာရီထိုးပြီ ၊ နေ့စဉ်နောက်ကျနေကျ မနက်စာကိုအဆင့်သင့်နည်းနဲ့ဖြေရှ
ခက်တာကရထားပေါ်မှာ ကော်ဖီနဲ့ အအေးတွေကိုသယ်ဆောင်ခွင့်မပြုတာပ
သူကဖွင့်ပြီးရင် ပြန်ပိတ်ရမှ ကျေနပ်တဲ့သူ ၊ ဖာရင်ဟိုက်အပြင်းစားနဲ့လောင်ကျွ
အေးချမ်းတဲ့ချစ်ခြင်းတစ်ခုမရှိရ
စီးကရက်သောက်တာမင်းကိုသင်ပေးမိတ
Posted by
Unknown
at
5:07 AM
0
comments
Labels: ဇော်သူရ
တောင်း ၊ တောင်း တောင်း လက်ပတောင်း
ရေထဲ ဥက္ကာပျံထိုးကျသလို ၊ ကွန်ကရစ်လမ်းပေါ် ဖန်ခွက်တွေစိပ်မြွှာသွားသလို
ရိုးသားမှုတွေ အပိုင်းအစစီ အုတ်အော်သောင်းနင်းဖြစ်ကုန်တယ်
စီမံကိန်း ၊စီမံချက်ဆိုတာနဲ့ ဘိုးဘွားပိုင်အမွေကိုရေစက်ချလိ
မတရားသောကျူးကျော်မှုကိုသိရက်နဲ
ဖွင့်ထားတဲ့ စီးပွားရေးကွန်ယက်ထဲမှာ ခွေးကအသ
အရင်းလေးတော့ ဘယ်သြူုဖစ်ဖြစ်ပြန်လိုချင်တယ် ၊ လိုချင်တာမရရင် တိုက်ယူ ၊ သူတို့တိုက်ယူသွားတာ
လယ်တီပါပါသွားတယ် ၊ ပါသွားတာက ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ့်မိရိုးဖလာ ကိုယ့်မြေသြဇာ
ဘယ်သူ့သြဇာနဲ့မှ မပေးနိုင်ဘူး ၊ မပေးနိုင်လို့ ရပ်နေရတာရွတ်နေရတာ
ရှူလိုက်ရင်အဆုပ်ထဲဝင်လာတဲ့လေက အလင်းရောင်မပါဘူး ၊တစ်နယ်လုံးက ယောင်ကိုင်းနေပြီ
ခါးကိုင်းအောင်ရှာနေရတဲ့ တောင်သူလယ်သမား ၊ သမားကြောင့်ထပ်ပြီး မျက်ဖြူလည်းမဆိုက်ချင်ဘူး၊
အကုသိုလ်ဆိုက်လာတာက ရိုးပြတ်တောကနေ ရွာထဲအထိ ၊ရေဒီယိုက မင်္ဂလာပါလည်းဓာတ်ခဲအားကုန်နေ ၊
အားကုန်နေလို့ အားကိုးတကြီးကြည့်မိတော့ တစ်ပိုဒ်ပဲအသံထွက်ပြီး ခွေထစ်ေ
Posted by
Unknown
at
5:06 AM
0
comments
Labels: ဇော်သူရ
သံချေးတက်နေတဲ့ စာအုပ်တစ်အုပ်ရဲ့ ၊ ညရေးညတာကိုက်ခဲမှု
အနီရောင်ပုလင်းများ ဒယီးဒယိုင် ၊ ရာသီဥတုက ပင်လယ်အောက်ကထွက်လာသလို ၊ ဆီးနှင်းသည်းသည်း
စိတ်လှုပ်ရှားဖွယ် အရှုံးသမားရဲ့ ဘရိတ်ပေါက်ခြင်းကားတစ်စီး ၊ ချောက်ကမ်းပါးကနေ မီးစွဲလောင်နေတဲ့ ဆောင်းရာသီထဲ
အားကုန်ခုန်ချလိုက်တယ် ၊ကျီးကန်းတွေရဲ့နာကျင်ခြင်းအော်သံမှာ အနာဂတ်အသားစိုင်ကြီး ရိရွဲ ၊ ရဲရဲဝံ့ဝံ့ လွမ်းတယ်။
လေယာဉ်ပျံက ရွတ်သွားတဲ့ ကဗျာသံဟာ ဘာလို့နားထဲလာကွဲကြေကုန်ကျတာလဲ ၊ စုတ်တံတစ်ချောင်းကိုင်ပြီး
စဆွဲလိုက်တော့ မျက်နှာတစ်ခု ၊ အချစ်တစ်ခု ၊မီးတစ်ခု ၊ ပျော်ရွှင်ခြင်းတစ်ခု ။ အခန်းတံခါးကို ဆွဲဖွင့်လိုက်။။
ပန်ကာရဲ့ပျင်းရိခြင်းနဲ့ စီးကရက်အစီခံတစ်ချို့ ပွကြဲနေ ၊ အာရုံကြောဆေးဗူးဟာ ဗလာကိုယ်ထည်နဲ့ မျက်လုံးတစ်ဖက်ကို
ကိုက်ခဲနေစေတယ် ၊ ဖုန်းကထွက်လာတဲ့ အသံမှာ နွေးထွေးမှုတွေ မဖူလုံတော့တာကြာပြီ ၊ ဂရပ်ဖ်နဲ့ဆွဲလိုက်ရင်
ချစ်ခြင်းတရားက ကြမ်းပြင်မှာကပ်နေခဲ့၊ရှယ်ယာအတတ်အကျများ တစ်နှစ်တာလှုပ်ခတ်မှုမှာ ၊ ဆန္ဒပြပွဲများ တစ်နှစ်တာ ရင့်သန်မှုမှာ၊
ကျားကွက်များ တစ်နှစ်စာရွှေ့အပြီးမှာ ၊ လမ်းခွဲလိုက်ကြမယ်တဲ့ ၊ ဘယ်သူပြောတာလဲ ၊ လမ်းခွဲလိုက်ကြမယ် ၊
Posted by
Unknown
at
5:05 AM
0
comments
Labels: ဇော်သူရ
မျက်နှာဖုံးစွပ် ဂြိုလ်မှ e-mail စာသားများ
ပြတင်းပေါက်ကို ဆောင့်ကန်လိုက်တာနဲ့ ပူအိုက်စွတ်စို ၊ အရေးပေါ်မျက်နှာအတုတွေနဲ့ အရေးပေါ်စကား အရေးပေါ်ကားများ၊
ဒီဂြိုလ်ကို ဘယ်လိုရောက်လာမိသလဲ ၊ အကြောင်းအရာမျိုးစုံနဲ့ အသက်ရှူသံ အနိမ့် အမြင့် ၊ ပြတ်နေတဲ့ မိသားစုကြိုးတွေ ၊
ပျက်၊ပြတ် နေတဲ့စိတ်တွေ ၊ မလေးကျွန်းဆွယ်မှာ တိုက်ပွဲဟာဆက်လက်ပြင်းထန်နေတယ် . klcc က ဝတ်ကောင်းစားလှဝတ်
မာနတစ်ခွဲသားနဲ့ ဟန်ဆောင်ကောင်းဆဲ ၊ လမ်းပေါ်မှာ ဒြပ်ရှိ ဒြပ်မဲ့ ၊ သက်ရှိ သက်မဲ့တွေ။ ပုလိင် ၊ နပုလိင် တွေ ၊ လိင်တွေ။
လူလိမ်တွေ လူကောက်တွေ ၊ ဆံပင်ကောက်တွေ ။မျဉ်းကွေးတွေ မျဉ်းဖြောင့်တွေ ၊ အဖြူတွေ ၊အနက်တွေ ၊ သူ့နာမည်နဲ့လိုက်အောင်
သူ့ပေါ်လစီကပဲလုပ်ယူထားသာလား ၊ ဒါမှမဟုတ် ဗျူဟာအခင်းကျွမ်းတဲ့ ချီးနား( china) တွေ စစ်တုရင်ကွက်လား ၊ မလေးမှာ မလေး ရှား
နေတယ် ၊ ကိုယ်ချင်းစာမှု ရှားတယ် ၊ စိတ်လုံခြုံမှုရှားတယ် ၊ သနားညှာတာခြင်းရှားတယ် ၊ ဘာမှမရေရာတဲ့ ဂြိုလ်မှာ ၊ ကိုယ်တွေက
ထစ်ကနဲဆို ခေါင်းစဉ်အတပ်ခံရ
၊ အော်ပရာစီ နဲ့ လွှားရပြေးရ ၊ အသက်ကို ဖက်လိုထုပ်ရ ၊ ရာသီဥတုကို
စိတ်လိုလိုက်ရ မပေါင်းသင်းနိုင်တဲ့ပန်းတွေ ၊
ပျော်ရွှင်ခြင်းကို ဘယ်တော့မှ အရင့်အမာမမွေးဖွားနိုင်ခဲ့ဘူး ၊ ရေနစ်နေမှန်းသိလိုက်နဲ့ လက်ကလေးတစ်ဖက် မကမ်းနိုင်ဘူး ၊
Posted by
Unknown
at
5:00 AM
0
comments
Labels: ဇော်သူရ
တည်ဆောက် တိုက်ခိုက်ပုံ အဆင့်အဆင့်
နှင်းဆီလို ဆူးလည်းမပါဘူး။ စံပယ် ၊ပန်းပွင့်ကိုထောင်ချတာတောင်
ရနံ့ကထွက်လာတယ် ၊ သတ်ခဲ့ပြီ သေခဲ့ပြီ ၊လမ်းအဟောင်းတွေ မလျှောက်တော့ဘူး။
လမ်းအသစ်ဖောက်တယ် ၊ လမ်းပါပဲ၊ အဲ့လမ်းပေါ် ရင်ကော့ပြီး ဂီယာကုန် လီဗာကုန်
ဘယ်သူဝင်တိုက်ရဲလဲ ၊ နံရံများပြိုကျခဲ့ ၊ သူ့ဂစ်တာကို တစ်ပုဒ်ပဲတီးတာပါ
၊ကောဒ့်မမှားဘူး အသံထွက်မှန်တယ် ၊ ဘာလို့ ရိုက်ချိုးခံနေရလဲ ၊ မိုးမလုံ
လေမလုံ
ပွင့်ချင်ရင် မြေသြဇာကောင်းရတယ် ၊ နာမည်တွေ ရေးရတာ မလွယ်ဘူး ၊ မရေးတတ်ရင်
အစထွက်မယ် ၊စင်ထွက်မယ် ၊အပုပ်နံ့ထွက်မယ် ။ပွင့်တယ် ၊ စံပယ် ပွင့်တယ် ဘာလို့
အမြစ်ဖြတ်လဲ ၊ ဒီရက်ပိုင်းကြည့်ရတာအမြင်မကြည်ဘ
မျက်လုံးထဲ လာစိုက်နေတယ်...ကြီးကြီးကျယ်ကျယ
သိက္ခာလုံအောင် မှန်ကြည့်သင့်တယ် ၊ မဝင်းမော်ဦးရေ
....ဒေါင်းလေးပျံနိုင်ပြီ
Posted by
Unknown
at
4:59 AM
0
comments
Labels: ဇော်သူရ
မြို့ပြဝါကျများ
အဲဒီမြို့ထဲ ငါ့ခြေထောက်ကျွံဝင်မိတော့
အဲဒီမြို့ဟာ ငါ့မျက်လုံးထဲပြန်ကျွံဝင်တယ်
အခု ပါရီမြို့ကြီးကိုကော်ဖီဆိုင်ပြတင်းက
တစ်နေကုန် ထိုင်ကြည့်နေသလိုမျိုး
ငါ အဲဒီမြို့ကို အပေါ်စီးက အောက်ကျနောက်ကျ ငေးနေရ ။
လက်ကြားကဆေးလိပ်ကို ရင်ကြားကစိတ်နဲ့ မီးညှိလိုက်တယ်
မြို့ပြကော်ဖီပူပူထဲ ငါ့သိမှုကို ဇွန်းတပ်မွှေလိုက်တယ်။
မြို့ပြဟာ လူထူထူနဲ့ ၊ ကာဗွန်ထူထူနဲ့
မြို့ပြဟာ မီးပွိုင့်နဲ့ ၊ ambulance သံနဲ့
မြို့ပြဟာ CCTV နဲ့ ၊ ခါးပိုက်နှိုက်နဲ့
မြို့ပြဟာ အပန်းဖြေကစားကွင်းနဲ့ ၊ ရန်ပွဲနဲ့
မြို့ပြဟာ စူပါမားကက်နဲ့ ၊ အမှိုက်ကောက်သမားနဲ့
မြို့ပြဟာ ဘီယာစတေရှင်နဲ့ ၊ သူတောင်းစားနဲ့
မြို့ပြဟာ BMW နဲ့ ၊ ဘတ်စ်ကားနဲ့
မြို့ပြဟာ နိုက်ကလပ်နဲ့ ၊ ဘုရားကျောင်းနဲ့
မြို့ပြဟာ ကာစီနိုရုံနဲ့ ၊ အထူးကုဆေးရုံနဲ့
မြို့ပြဟာ ကြယ်ငါးပွင့်ဟိုတယ်နဲ့ ၊ ပလက်ဖောင်းခေါင်းအုန်းနဲ့
မြို့ပြဟာ မိုးပျံရထားနဲ့ ၊ အုတ်ကြားမြက်ပေါက်နဲ့
မြို့ပြဟာ ကန်ထရိုက်တာနဲ့ ၊ လမ်းဘေးဈေးသည်နဲ့
မြို့ပြဟာ ပွဲစားနဲ့ ၊ အလှုခံပုဂ္ဂိုလ်နဲ့
မြို့ပြဟာ အလုပ်ခေါ်ကြော်ငြာနဲ့ ၊ အလုပ်လက်မဲ့နဲ့
မြို့ပြဟာ နေ့စဉ်ဖြစ်ဒုစရိုက်မှုနဲ့ ၊ နေ့စဉ်ထုတ်သတင်းစာနဲ့
မြို့ပြဟာ ........................အဲဒီမြ
Posted by
Unknown
at
4:22 AM
0
comments
Labels: ဆူးရဲ
ကြိုး
ငါမြို့ပြန်လာတော့
လမ်းမီးတိုင်တွေက အမှောင်ကိုထမ်းထားရတုန်း
တဆတ်ဆတ်တုန်နေတဲ့ နှင်းတွေက
မြို့ကို မလွတ်တမ်းဖက်လို့
အကျအပေါက်များတဲ့ ကျောက်ကြမ်းလမ်းပေါ်
ငါ့ဖိနပ်အသက်က ယဲ့ယဲ့လေး
အမူးလွန်နေတဲ့လရောင်က
သုံးမြှောင့်ဖန်တုံးလို ငါ့ရင်ဘတ်မှာ အလင်းယိုင်ချိန်
တစ်ချက် တစ်ချက် လက်ဖက်ရည်ဆိုင်လေးတွေက
ဟင်ခနဲ ၊ ဟာခနဲ
သူတို့လောင်းထားတဲ့ပွဲဟာ
ငါနဲ့ လောကဓံ များလား
Posted by
Unknown
at
4:19 AM
0
comments
Labels: ဆူးရဲ
ရိုစီဟုခေါ်သည်
ရှင်အရမ်းသိချင်လား
ရှင်ခုနက လွတ်ကျသွားတဲ့အရက်ခွက်ဟာ ကျွန်မဘဝပဲ
ဟင်း ဟင်း ဟင်း ဟင်း
တကယ်တော့ ကျွန်မက
ဟိုအစ်ကိုကြီးရဲ့ မခင်နှင်းဆီလည်းမဟုတ်
တောင်ယာလုပ်သားမိဘနှစ်ပါးက ပျိုးခဲ့တဲ့နှင်းဆီ
မိသားစုထမ်းပိုးကို
ကျောကုန်းတွေ ကျွဲပခုံးထအောင် ရုံးရတဲ့ အဖေရယ်
သမ္မာအာဇီဝကို ခေါင်းပေါ်ရွက်ရောင်းရတဲ့ အမေရယ်
ထမင်းပန်းကန်နဲ့ သားရေကွင်းပစ်တမ်းကိုပဲ
မင်တတ်သေးတဲ့ မောင်လေးရယ်
လောကထဲ ဖူးဆဲ ၊ ငုံဆဲ ၊
ပွင့်ဖို့တာဆူဆဲ ကျွန်မ မနှင်းဆီရယ်
ကျွန်မက ဘဝကိုကျေးလက်တေးလို
ရိုးရိုးလေးပဲ ဆိုတတ်တဲ့အရွယ်
Posted by
Unknown
at
4:18 AM
0
comments
Labels: ဆူးရဲ
ရုပ်ရှင်
အဖြူထည်သက်သက်ပေါ်
အရိပ်တွေ စိုက်ဝင်ပုံ
အရောင်တွေ စီးကျပုံ
ခေတ်အကြိုက် အဖော်အချွတ်ညကို
လကွေးကွေးပေါ် မလုံမခြုံခွေတင်ထားတယ်
ဇာတ်ညွှန်းထဲ ကြယ်တွေစကားပြောခန်းမပါဘူး
မျက်ရည်ကျအောင်ရယ်ရတဲ့ဗီလိန်တွေ
တိုးတိုးကြေကွဲပြလိုက်
ကျယ်ကျယ်ပေါက်ကွဲပြလိုက်
Posted by
Unknown
at
4:16 AM
0
comments
Labels: ဆူးရဲ
အခန်းဆက် အလွမ်းစက်
အဝေးပြေးကားတွေပေါ်
အဝေးပြေးဘဝတွေ ထိုင်ခုံလွတ်မရှိဘူး
ကျွတ်ကျခဲ့တဲ့ ဖိနပ်တစ်ဖက်ဟာ ငယ်ဘဝ ဆိုလား
အရှိန်နဲ့ တစ်မြို့ စီ ဖြတ်တယ်
အရိပ်မရလို့  ခုတ်ထစ်ခံ လိုက်ရတဲ့ လွတ်လပ်မှု
ကိုယ်စီ ပဲ့ထွက်ခဲ့ တစ်နယ်တကျေး
တွယ်ချိတ်ထားတဲ့စိတ်လည်း
မျက်ရည်စိုတာနဲ့  သံကြေးတက်လွယ်
ဘဝကို လရောင်နဲ့ ကြိုးညှိ ဖို့ 
လမ်းသွားလမ်းလာ အလန်းဇယားတွေမှာ
ငါတို့  အနံ့ တွေ ပါမလာတော့ဘူး
တီးမိခေါက်မိရုံ အသံမြည်နေတဲ့ ကမ္ဘာ
ရွာဆန်နေပုံက
တစ်ရွာတည်းနေတာတောင် တစ်ရေတည်းသောက်မရ
Posted by
Unknown
at
4:15 AM
0
comments
Labels: ဆူးရဲ
ကဗျာဆရာနာမည်နဲ့ သစ်ပင်
သူက
သူ့ အရိပ်လောက်
ဘယ်အခါမှမအေးဘူး
သူ့ ခေါင်းပေါ်ဆောင်းထားတဲ့ အိုဇုန်းဟာ
သူ့ ရင်ဘတ်လိုတိတ်တိတ် ပွင့်လို့ 
ခရမ်းလွန်ဒုက္ခတွေတဖွဲဖွဲ စိုက်တယ်
စုပ်ယူမှုများများ
ထုတ်လွှတ်မှုနည်းနည်း
အပူတွေခဲနေတဲ့စိတ်က
(မိုးထဲရေထဲတောင်)
တဖျတ်ဖျတ်ကြွေတယ်
Posted by
Unknown
at
4:11 AM
0
comments
Labels: ဆူးရဲ
ငါတို့ပြောရင် သီချင်း ငါတို့ရေးရင် ကဗျာ ငါတို့ဟာ မင်းသားယောင်ဆောင်ထားတဲ့မင်းသားတွေ ၂
လမ်းပေါ် လေချွန်ရင်း အိမ်နဲ့ဝေးရာ ထွက်ခဲ့
ကိုယ့်လက်နဲ့ကိုယ် တောက်ချပစ်မိတဲ့စီးကရက်ပြာတွေလား ရဲတယ်
ရန်သူ့ရင်ဝကို ထုတ်ချင်းခတ်ထိုးဖောက်သွားမယ့်ကျည်ဆံတွေလား ရင့်တယ်
မတွေဝေဘူး မတွန့်ဆုတ်ဘူး
ဆေးယဉ်သွားတဲ့ လောင်မီးပိုးတွေ မဟုတ်
အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ သက်မဲ့ဗုံးတွေ မဟုတ်
မီးလင်းမယ့်ထင်တဲ့ခလုတ်တွေကို လိုက်နှိပ်တယ်
အမေက ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့သလို
ချစ်သူကလည်း ယုံကြည်ဖို့ ရယ်မောခေါင်းခါခဲ့တာချည်းပဲ
ငါတို့ဟာ ငြင်းဆန်ခံရဖို့ အမြဲတမ်းအသင့်အနေအထားပေါ် ခါးထောက်ရပ်နေမိတာလား
ငါတို့ မစွမ်းဆောင်နိုင်ခဲ့ရင်လည်း ငါတို့ စွမ်းဆောင်ခဲ့ပါတယ်
Posted by
Unknown
at
3:57 AM
0
comments
Labels: ကိုသျှား
လူညံ့တစ်ယောက်ရဲ့ သူ့ကိုယ်သူ ခြစ်ရာဖျက်ရာများ
မယ်မယ်ရရ ညံ့ပြစရာဆိုလို့ သူဟာ မဖျတ်လတ်မပေါ့ပါးတဲ့ကြောင်တစ်ကာ
ညံ့နေအောင်သ,ထားတဲ့လက်သည်းတွေနဲ
သူ့ခန္ဓာကိုယ်ကထွက်တဲ့အညံ့အဖျင်း
သူ့ဆီမှာ ညံ့တဲ့အရည်အချင်းကလွဲရင် ဘယ်အကြောင်းအရာမှ အညံ့ခံလာမပွင့်ဘူး
လူပြောသူပြောများတဲ့ဒုက္ခတရားကို
ဖျက်ပြီးသားဒုက္ခတရားကို သူ့ညံ့ဖျင်းမှုနဲ့သူ ပြန်ခြစ်တယ်
အသင့်ထုပ်ပိုးပြီးသားအညံ့စားပြက
အသံထွက်ညံ့ညံ့နဲ့ ရယ်မောပေးလိုက်ဖို့လည်း သူက အညံ့ခံငြင်းဆန်နေပြန်ရော
သူ့စိတ်ဓာတ်လေးက လှချင်ရက်နဲ့ သူ့စိတ်ရင်းလေးက ညံ့နေလို့
သူ့ကဗျာလေးက ကောင်းချင်ရက်နဲ့ သူ့စကားလုံးလေးက ညံ့နေလို့
ရုပ်ကြမ်းကြီးနဲ့နွဲ့ပြထားတဲ့သူ
Posted by
Unknown
at
3:55 AM
0
comments
Labels: ကိုသျှား
ငါ့အတွေးအခေါ်ကို လာဝယ်ကြတယ် ငါ့အကြောင်းကို တုပကြတယ် ငါက သစ္စာဖောက်ပဲ
ဒလဟောဆန့်ထွက်ရှည်လျားနေတဲ့ငါ့ဆ
အပေါစားသားရေကွင်းတစ်ကွင်းနဲ့ စုချည်ထားလိုက်ရမလား
ကျောက်ကပ်မကောင်းဘူး အဆုပ်လဲရမယ် သွေးသွင်းရမယ် အသည်းနှလုံးကို မြေခွေးတွေ
မမီနိုင်တဲ့စပျစ်ပင်ပေါ် တက်သီးထားရမယ် ဘ၀ဆိုတာ သူ့ချည်းသက်သက်ဆိုရင် အခွံကြီးပါကွာ
ငါတို့ ထည့်ကြ ငါတို့တွေ ဘ၀ထဲ အဓိပ္ပာယ်တွေ လောင်းထည့်ကြ
နှစ်ဆယ့်လေးတောင့်မြောက်ကျည်ဆံဟ
ငါ့ခန္ဓာဆုံလည်ထဲ အတိအကျ ငါ စစ်ပွဲတွေကို ပစ်ချမယ် ငါ ၀ံပုလွေအူသံတွေကို ပစ်ချမယ်
လိုအပ်ရင် ကိုယ့်ကိုယ်ကိုလည်း ပစ်ချရမှာပဲ
မင်းရဲ့မနာလိုဝန်တိုမှုလေး ငါ့ကို ခဏငှားပါ မင်းရဲ့ပလွှားလို/
ကမ္ဘာမြေပေါ် တည့်တည့်ရပ်ချင်လို့ ငါ့မာနကို စောင်လို အမြဲခြုံထားနိုင်ဖို့ ဆောင်းပြီးရင်းဆောင်းတွေ
ငါ့ဆီ ပို့ပါ ငါ့ကဗျာက နာမ်တရားဆီ မရဏာနုဿတိနေချိန် ငါ့ဘာသာစကား/အရေးအသားက ရုပ်နေတယ်
Posted by
Unknown
at
3:53 AM
0
comments
Labels: ကိုသျှား
တနင်္ဂနွေဖတ်စာ
မနက်မလင်းခင်ကတည်းက စိတ်ကို တအာအာ ထိုးဆိတ်နေကျ သွေးဆာနေတဲ့ကျီးကန်းတစ်ကောင်။
ဖွင့်ထားတဲ့ပြတင်းကနေ နေရောင်အစားထိုးပြဿဒါးတွေ တွဲခိုဖြာကျမြဲ။
ကျွန်တော့်အဘိဓာန်မှာ တစ်ပတ်တစ်ခါ ကုသနေရတဲ့အနုစားစိတ်ရောဂါတစ်မျု
ရေစီးသန်တဲ့မြစ် . . .အဲဒီလို အသံထွက်ကြည့်မိရုံ အာခေါင်တွေ နာကျင်အက်ကွဲ။
အအေးခန်းဧည့်ရိပ်သာရှေ့ကွက်လပ်မ
တကယ့်တနင်္ဂနွေတွေပါ . . . မြို့ကြီးသားစတိုင်လ်အပြည့်နဲ့ လမ်းကို တက်ကြိတ်သွားသေးတယ်။
သိမ်ငယ်နိမ့်ပါးစိတ်ဟာ ရောဂါ . . . ကယ်ကြပါ အဲဒီမျက်စိသူငယ်လေးကို ကယ်လိုက်ကြပါ။
Posted by
Unknown
at
3:52 AM
0
comments
Labels: ကိုသျှား
ဒီလိုပါ ဟိုလိုပါ ဒီလိုလို ဟိုလိုလိုပါ စိတ်ထဲထိ ဆတ်ဆတ်ခါအောင် စူးကြည့်တာပါ
စိတ်တွင်းပေါက်ထဲ ချော်ကျတယ်။ သီဆိုနေဆဲယုံကြည်ချက်တွေနဲ့ အဆက်အသွယ်ပြတ်တောက်လို့။
သင်းကွပ်ခံလူငယ်ဘ၀ပဲ။ ကိုယ့်အသံမှာ ကိုယ့်သဏ္ဍာန်ဟာ ငေါငေါကြီး ချွန်ထွက်နေ။
နေရင်းထိုင်ရင်း ပေါက်ပြဲနေရတဲ့အထဲ နေရင်းထိုင်ရင်း ဖိတ်စင်ရပြန်တယ်။
အဓိပ္ပာယ်ကင်းမဲ့မှုသစ်ကိုင်းပေါ် ဘာမှအစိုးမရခြင်းငှက်တစ်ကောင်နာ
လိုအပ်မယ်ထင်လို့ ကိုယ့်ကိုယ်ကို မဓာတ်နဲ့ ပြန်ညှိကြည့်မိတယ်
လိုအပ်မယ်ထင်လို့ ကိုယ့်ကိုယ်ကို ချောက်ကမ်းပါးထဲက ဆွဲတင်ကြည့်မိတယ်
စိတ်နဲ့ပစ်ချထားတဲ့ကြယ်တွေကို စားပွဲပေါ် အခွံချည်းသက်သက် ပစ်တင်ထားလိုက်
ရှင်သန်မှုဟာ နတ်ကြီးတယ် တရားကို ငွေစောင့်တယ်
အသံတွေ ပိုကျယ်လာတယ် အဆံတွေ ပိုချောင်လာတယ်
လက်ချောင်းထိပ်ဖျားလေးတွေကနေ သွေးတွေ ငေါက်တောက်ပန်းထွက်နေသလိုပဲ
ယားယံနေတဲ့အရေပြားကို ယားယံနေတဲ့စိတ်က ဆတ်ခနဲ ကိုက်ဆွဲယမ်းခါနေသလိုပဲ
ဘယ်လိုသံသယဆန်တဲ့နာမ၀ိသေသနတွေ သုံးပြီး လူ့အဖြစ်ကို လှုပ်သောက်ရမလဲ
Posted by
Unknown
at
3:51 AM
0
comments
Labels: ကိုသျှား
အရေးပေါ်ကမ္ဘာကြီးအတွက် ခုတွေ့မယ် ဒါမှမဟုတ် နောက်မှသိမယ်ကို အလျော်ပေးထားလိုက်
ဘာမှ မရှိတော့ဘူး ဒါမှမဟုတ် ဘာမှ မရှိခဲ့ဘူး
ဘယ်သူမှ မရှိတော့ဘူး ဒါမှမဟုတ် ဘယ်သူမှ မရှိခဲ့ဘူး
မင်းအမေ မင်းကို ချစ်ခဲ့သလား ဒါမှမဟုတ် မင်းအမေ မင်းကို
ချစ်ခဲ့သလား
လွယ်ကူမှုထဲ လွယ်လွယ်ပဲ လိမ့်ဆင်းကွဲကြေပစ်တော့မလားကမ္ဘာ
ဒါမှမဟုတ် မင်းချစ်သူတရားမျှတမှုက အာဏာပါဝါရဲ့မယားငယ်ဘ၀ကို
သာယာသွားပြီလားကမ္ဘာ
လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းရင်း လွဲချော်နေတဲ့ ငြိမ်းချမ်းရေးလား
ဒါမှမဟုတ် မိစ္ဆာတွေ ကန်သွင်းတိုင်း ခွင့်ပြုလိုက်ရတဲ့စစ်ပွဲတွေလား
လူတွေက စစ်ရဲ့အသားမှ မပါရင် ထမင်းစားမမြိန်ကြတော့ဘူး
Posted by
Unknown
at
3:50 AM
0
comments
Labels: ကိုသျှား
မင်းအကြောင်း ငါ့အကြောင်းနဲ့ သူ့အကြောင်း အရာရာ
ရှုပ်ထွေးလာ ... ပိုပြီးရှုပ်ထွေးလာ ... အရှုပ်ထွေးဆုံးဖြစ်လာ။
မသေမရှင် မသေ သို့သော် မရှင်။ဆေးစားဆေးသောက်က
နေ့ရွှေ့ညရွှေ့မရဘူး။ထစ်အနေတဲ့အတိုင်း အတည်ကြီး တန့်နေ။
အရည်မရအဖတ်မရ အရည်ရတော့ အဖတ်ဆယ်မရ။ခေတ်ရေစီးထဲ
ပေါလော/ပက်လက်မျော။
ဘွဲ့ဆိုတော့ ဘွဲ့လိုက်ရ။အလုပ်ဆိုတော့ ဟုတ်လိုက်ရ။စိတ်ကူးစိတ်သန်းနဲ့
ခြင်းတောင်းထဲကသစ်သီးပုပ်ဟာ အတူတူပဲ။ဒီအသက်အရွယ်မှာ အချစ်လည်း
လိုတယ်။အားကောင်းမောင်းသန်လည်း လိုတယ်။ငွေကြေးနဲ့အပျော်အပါး
တစ်ပြိုင်နက်တည်း လိုတယ်။လမ်းစကားဘန်းစကားလေးလည်း တတ်
အသောက်အစားလေးလည်း ဖက်လိုက်ချင်တယ်မဟုတ်လား။
ကျောတယ်ထင်ရင် မောသွားမယ်။လက်ဖျံရိုး ချိုး
ဓားလို ကိုင်ပြီး ထိုးပစ်လိုက်။သင်တန်းတွေ စက်သေနတ်ပစ်သလို တရစပ် ပြေးတက်ရ။
ဘာသာစကားတွေ နင်နေနင့်နေအောင် ပလုပ်ပလောင်း အပြောကျင့်ရ။စလုံးလားမလေးလားဂျပန်လားကိုရီးယားလား။ရှာရမယ့်ငွေက ငယ်ထိပ်ကို
မြွေဟောက်လို လှမ်းပေါက်တယ်။ငါတို့ရဲ့စွမ်းအားဟာ ဒီနိုင်ငံမှာ ရွှေဖြစ်ဖို့ငြင်းဆန်ခံရ။
မြေအောက်ကနေ လျှပ်စစ်ဓာတ်တွေ သွယ်တန်းစွန့်ထုတ်ပစ်သလို ငါတို့အရည်အချင်းဟာ
ရေပိုက်ခေါင်း လှည့်ဖွင့်သလို တိုင်းတစ်ပါးသားတွေဆီ ပန်းထွက်ပေးရ။
Posted by
Unknown
at
3:49 AM
0
comments
Labels: ကိုသျှား
ငါတို့ပြောရင် သီချင်း ငါတို့ရေးရင် ကဗျာ ငါတို့ဟာ မင်းသားယောင်ဆောင်ထားတဲ့မင်းသားတွေ ၃
ရိုးရိုးတွေးတယ် ရဲရဲပြေးတယ်
ဘယ်တော့မှ...ဘယ်တော့မှ နောက်မဆုတ်ဘူးပြတ်သား
ဘယ်တော့မှ ... ဘယ်တော့မှ ကျကွဲမပေးဘူးသေချာ
ရောက်ရာအရပ်မှာ ကြုံသလို ပန်းထပွင့်မယ်တကဲကဲ
ငါတို့အရပ်ထက် ဥာဏ်ရည်ပိုနိမ့်သူတွေက ငါတို့ကို မမီနိုင်ဘူး
ငါတို့နဲ့မထိုက်သူတွေ တူရာတန်ရာဆီ သူတို့ သွားကြပေလိမ့်
လမ်းက ငါတို့ဆီ မလာရင် ငါတို့က လမ်းဆီ သွားမှာပဲ
မျက်မှောက်ကမ္ဘာရဲ့ဝိဇ္ဇာသိပ္ပကျမ်
အနာဂတ်က ငါတို့နာမည်တွေကို အော်ဟစ်ပွဲတောင်းလို့
တိုင်းပြည်နဲ့လူမျိုးက ငါတို့ပုခုံးတွေပေါ် ပေါက်ရောက်ရှင်သန်လို့
အလျားလိုက်ဖြတ်တယ် ဒေါင်လိုက်ကူးတယ်
စစ်မြင်းပျိုကို ချပ်ဝတ်တန်ဆာဆင်သလို ငါတို့ကိုယ်ငါတို့ ကတယ်သတယ်
Posted by
Unknown
at
3:47 AM
0
comments
Labels: ကိုသျှား
ခေတ်တစ်ခုလုံးကို တစ်ယောက်တည်း သောက်ပစ်လိုက်ရမှာ အားနာလို့ ခင်ဗျား အမြန်ဆုံးလာပါကိုအဂ္ဂ
ဘ၀က အမြှုပ်တစီစီပွက်ထနေတဲ့တပ်မက်ဖွ
လက်မောင်းသွေးတစ်ခွက်ထဲ မျက်ရည်တစ်ပက်ပေါက်ထားတယ်
လက်ရှိအနေအထားကို လက်ရှိအနေအထားအတိုင်း စားပွဲပေါ်တင်ထားတယ်
သမိုင်းကို မဖိတ်စင်အောင် တစ်ယောက်တည်း စီးဆင်းသွားဖို့မလွယ်ဘူး
အနာဂတ်ကို သားမလျှောအောင် တစ်ယောက်တည်း တွေးခေါ်ရတာလည်း မလွယ်ဘူး
ဘယ်နေရာမှာမဆို ဆိုက်ကားသမားသမားတွေက တစ်စိတ်တည်းတစ်ဥာဏ်တည်း
အဲဒီတော့ ကျွန်တော်တို့လည်း တစ်စိတ်တည်းတစ်ဝမ်းတည်းပဲပေါ့
နေ့ရက်တိုင်းဟာ သံဆူးကြိုးနဲ့မလွတ် သိုက်ဆရာတွေကို ပလ္လင်ပေါ် ခေါ်တင်လာမိတယ်
Posted by
Unknown
at
3:46 AM
0
comments
Labels: ကိုသျှား
နာရေးကြေငြာ
သူငယ်ချင်းက အိမ်ပြန်သွားတယ်။ငါ့အချစ်က စကားမေးမရဘူး။ပါးစပ်ဟထားတဲ့
အဆင်မပြေမှုထဲ ဘယ်နှဘ၀စာအာသာမပြေခဲ့ရခြင်းတွေ ထိုးစိုက်ပျံဆင်းလာမလဲ။
မျက်လုံးတွေကို လမ်းတစ်ဆုံး ဆွဲဆန့်ငေးရီ...။ဒီမှာက မျက်ရည်လွယ်တဲ့အရပ်၊ဒီမှာက
အစာအိမ်ဟာ ရန်သူပဲ။ညှီစို့စို့တောသံတွေ တငွေ့ငွေ့ အူ။မရှိ...။ဘာမှမရှိ။ဘာအရသာမှ
မရှိ။ဘာအနှစ်သာရမှ မရှိ။ပြဿဒါးတွေ တစ်ခွက်ပြီးတစ်ခွက်။
အရှင်လတ်လတ် အရေခွံဆုတ်ဖြဲခံနေရတဲ့နွားပဲ။လူ့ယဉ်ကျေးမှုအဆောက်အအုံတစ်ခုလုံး
ငါ့အပေါ် ပြိုကျတယ်။ငရဲအိုးလည်း ငါ့ခေါင်းပေါ် ဇောက်ထိုးပြုတ်ကျတယ်။ငါ ပျက်ကျတယ်။
သွေးရူးသွေးတန်း ထထပျံနေမိတယ်။အ၀ိဇ္ဖာခန်းထဲ...။စိတ္တဇလူသတ်သမားဇာတ်လမ်းတွေ
တစ်ညလုံး ထိုင်ကြည့်နေမိ။ငါ ဘယ်မှာလဲ။ဘယ်မှာလဲငါ။သွေးကြောတွေ ပိတ်ဆို့နေတယ်။
ဘလိတ်ဓားနဲ့ လှီးဖြတ်ဖွင့်ရမယ်။အသက်၀၀ ရှုချင်တယ်။လေကောင်းလေသန့် ရချင်တယ်။
လိုက်ရှာ အ၀ိဇ္ဖာခန်းထဲ။ အ၀ိဇ္ဖာခန်းထဲမှာ မတရားတဲ့ဥပဒေ၊မှောက်မှားနေတဲ့ကျင့်ဝတ်တွေ
ခွေးအတွေလို သံရှည်ဆွဲ သွေးဆာ။
Posted by
Unknown
at
3:45 AM
0
comments
Labels: ကိုသျှား
မလွတ်မြောက်နိုင်သေးတဲ့ ငါ့နာမည် ဒါမှမဟုတ် စကားဝါ
စိတ်ခံစားမှုတွေ လွတ်ချထားလိုက်တယ်
တစ်ယောက်တည်း အိပ်တဲ့ ညမျိုးတွေ
ချစ်ခြင်းမေတ္တာကို ပေါက်ပေါက်ဖောက်သလို ဆူညံလို့
ဆန့်ကျင်ဘက် လိင်ရဲ့အထိအတွေ့မှာ အာရုံတွေသွေးကြွ
ငါက ဘယ်လောက်သောက်သောက် မပြေနိုင်တဲ့ ပင်လယ်ရေပဲ
ထည့်ထားတဲ့ ရှန်ပိန်ခွက်မှာ ငါရဲ့ နှုတ်ခမ်းနီရာ ရဲပတောင်းခတ်
ဆိုက်ဒ် မျိုးစုံတဲ့ ချစ်ခြင်းတရားတွေ
ပြောပြရင် ယုံနိုင်စရာမရှိဘူးလို့ နင်တို့ကိုယ်တိုင် ငြင်းလိမ့်မယ်
ငါ့စိတ္တဇက ငါ့တန်ဖိုးပေါ့ သူငယ်ချင်းရယ်
ချစ်ခြင်းမေတ္တာကို ငြင်းဆန်ပစ်လိုက်တာ ငါ့ရဲ့ယုံကြည်မှု ရောဂါ
အကောင်းဆုံးဆိုတာတွေ နှလုံးသားထဲ ထည့်မက်ခဲ့ဖူးတယ်
စောင့်ရှောက်ပါရစေဆိုတဲ့ တော်ကီတွေ
ကြည့်လိုက်တော့.. စိတ်ကျေနပ်အောင် ဆေးခတ်ထားတဲ့ အချိုရည်ပဲ
Posted by
Unknown
at
3:41 AM
0
comments
Labels: ကျော်ဦးလှိုင်
ညီမလေး
ညီမလေး ၁
----------------
ကောင်းဘွိုင်ရုပ်ရှင်တွေ ကြိုက်တဲ့ ညီမလေးက
သူ့လက်ညှိုးလေးကို သေနတ်ပုံစံမျိုးနဲ့ ယမ်းငွေ့တွေစင်သွားအောင် မှုတ်ထုတ်လိုက်တယ်
သေနတ်မှန်လို့ လဲကျသွားသလို သရုပ်ဆောင်လိုက်တဲ့ ငါ
ပြန်မထ လာတော့တဲ့အခါ
မျက်ရည်ဝဲနေတဲ့ မျက်လုံးနဲ့ ငါ့ကို လှုပ်နိုးရင်း
သူ့နာရီ ပန်းရောင်လေးရဲ့ ဒိုင်ခွက်ကို ထိုးပြတယ်
ကွဲကွာသွားတဲ့ မိသားစုဓါတ်ပုံက ညီမလေးမျက်ရည်တွေနဲ့ ရွှဲနစ်လို့..။
ညီမလေး ၂
---------------
အမေက ဆေးလိပ်နံ့ မကြိုက်ဘူး
အဖေက စီးကရက်တစ်ဘူး ဝယ်လာတယ်
ညီမလေးက စီးကရက်ဘူးကို ကပ်ကြေးနဲ့ ညှပ်လိုက်တယ်
အဖေစိတ်ဆိုးပြီး ရိုက်တဲ့အခါ
ညီမလေးက ဗလာစာအုပ်ထဲကနေ
ဖေကြီးကို ချစ်တယ် ဆိုတဲ့ စာမျက်နှာလေးလှန်ပြခဲ့တယ်..
အဖေက ဆေးလိပ်တွေ ဆက်သောက်တယ်
ညီမလေးက ဖေကြီးကို ချစ်တယ် ဆိုတာတွေ ဗလာစာအုပ်ထဲမှာ
ဆက်ရေးနေတယ်...။
Posted by
Unknown
at
3:40 AM
0
comments
Labels: ကျော်ဦးလှိုင်
အစမှာထဲက အရူးတစ်ယောက်လို ချစ်ခြင်းမေတ္တာဆိုပြီး စတယ်
ဖျော့တော့တော့ အလင်းစိုင်ထဲ တိမ်တွေဝင်သွားသလိုမျိုး
မှောင်မည်းနေတဲ့ညတွေကို ကြောက်ရွံ့ပျို့အန်မိတယ်
ငါဟာ ငါ့ကိုယ်ငါ မသတီတဲ့ သူများလားကွယ်
စိတ်ကူးတွေကို နံရံပေါ်မှာချိတ်ထား/ တကယ်တော့ သက်သာရာများ ရမလားလို့ပါကွယ်
အလှမ်းကျယ်တဲ့ ဝေးကွာခြင်းကို ခွေခွေခေါက်ခေါက်ပဲ ထုပ်သိမ်းထားတယ်
ငါညှိတဲ့ ဆေးလိပ်မီးက ငါ့ကို ပြန်လောင်ကျွမ်းနေသလိုမျိုးဆိုေ
ပူလောင်မှုဆိုတာက ထူးထူးခြားခြား မရှိတဲ့ ဇာတ်လမ်းလောက်ပါပဲ မေဂျူနို
စိတ်ကို အလိုလိုက်ပစ်လိုက်.. ဘယ်လောက်များ လမ်းဆုံးမလဲ
မှောက်မှားမိသမျှတွေက လူ့အဖြစ်ရဲ့ အရသာတွေချည်းပေါ့ကွယ်
ငါ့ကိုယ်ငါ ခိုးပြီးနာကျင်နေရတဲ့အခါ ပျော်စရာဇာတ်လမ်းတွေပဲ နင့်ကို ရွေးပြီးပြောပြမယ်
နင်သတိရနေတဲ့အခါ ငါ့ကို အခေါက်ခေါက် အခါခါပြန်ဖတ်ပါ
မှတ်မှတ်ရရ သိမ်းဆည်းပါ...မေဂျူနို
မလိုတမာရနံ့တွေ စွဲကျန်နေတဲ့ ခေတ်ရဲ့ ဟန်ဆောင်မှုရင်သား လှလှပေါ်မှာ
လေနဲ့ပေါ့ပေါ့ပါးပါး ပါသွားတဲ့ မိုးပျံပူဖောင်းလေးကို အားကျတယ်
တဖျစ်ဖျစ်တောက်ပေးနိုင်တဲ့ မီးတောက်လေးရဲ့ အနွေးဓါတ်ကို အားကျတယ်
Posted by
Unknown
at
3:39 AM
0
comments
Labels: ကျော်ဦးလှိုင်
အစကနေ အစတွေဆွဲထုတ်ပြီး လက်စသတ်လိုက်တယ်
ရောက်ရောက်ချင်းပဲဆောက်/
Posted by
Unknown
at
3:25 AM
0
comments
Labels: ကျော်ဦးလှိုင်
ဇာတ်
မွန်းကြပ်လိုက်တာ.. ဆိုပြီး နှစ်နှစ်ကာကာအော်..
ကိုယ့်ကိုကိုယ် ခေါက်ကုလားထိုင်တစ်လုံးလို ခေါက်သိမ်းပစ်လိုက်ချင်တယ်
အဲဒီရက်စွဲတွေက ငါ့ရဲ့သေကောင်ပေါင်းလဲရက်တွေပါပ
တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်းမေတ္တာအကြောင်း ပြောပြရုံကလွဲလို့
ပြစ်မှားမိတာဆိုတာမျိုးဟာ ငါတို့မှာ အပ်ဖျားတစ်ထောက်စာလောက်ပဲ ရှိခဲ့မှာပါ
နင့်လက်သူကြွယ်ပေါ်မှာ ငါ့နာမည်ကို ရေးတဲ့အခါ
နင်က ခေါင်းကိုငုံ့ထားရင်း တိတ်တိတ်လေး ပြုံးနေခဲ့ဖူးတယ်
တစ်ယောက်က တစ်ယောက်ကို လိုအပ်လာတဲ့အခါ
လက်ချင်းတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း နှစ်သိမ့်ခဲ့ကြတယ်
ရိုးရိုးရှင်းရှင်းဇာတ်လမ်းထဲ ရိုးရိုးလေးချစ်ခဲ့ကြရုံလောက်ပါ
Posted by
Unknown
at
3:24 AM
0
comments
Labels: ကျော်ဦးလှိုင်
ကမ္ဘာကြီးထဲက Echo သံတွေ
တစ်ယောက်တည်း ကောင်းကင်ပေါ်ကိုမော့ကြည့်ပြီး အော်ချလိုက်တယ်
ကောင်းကင်ဘုံက အသုံးမလိုတဲ့ ကျည်ဆန်တွေ သူ့လက်ဖဝါးမှာ စိုက်ဝင်လို့
တိုင်းရင်းသူလေးရဲ့ ရိုးရာဝတ်စုံဟာ စုတ်ပြဲရာဗရပွနဲ့ ညစ်နွမ်း
သွေးစီု့နေတဲ့ ခြေဖဝါး အသက်လုပြေးသံတွေက ပြင်းထန်လွန်းတယ်
ဘယ်သူတွေ မှားနေခဲ့လဲ ဘယ်သူတွေ မတရားပဲ သေခဲ့လဲ
အေးချမ်းမှုတွေကို ရွာလုံးကျွတ်မီးလောင်တိုက်အသွင်
အသက်ဓါတ်တွေဟာ မြေမှာ တစ်စစီ ပြန့်ကျဲလို့
ဘယ်ဘုရားသခင်က သေနတ်သံတွေကို ကျကျနနကြီး ဖန်ဆင်းပစ်လိုက်လဲ
မင်းမသိတဲ့ စစ်ပွဲတွေကြားမှာ မင်းတို့မိသားစုလေးက ကံကြွေးပါလာခဲ့လား
Posted by
Unknown
at
3:23 AM
0
comments
Labels: ကျော်ဦးလှိုင်
ပုံစံမကျတဲ့ တက်တူးလို မိန်းမတစ်ယောက်
အိပ်ပေမယ့် မောပြီး အိပ်မောမကျနိုင်ဘူး
ပါးလှပ်လှပ် ငွေစက္ကူ တစ်ရွက် အကြောင်း
အကျိုခံရလို့ ပွက်ပွက်ဆူလာတဲ့ သောကတွေအကြောင်း
ကိုယ့်ကိုကိုယ်ပဲ တစ်ချက်ချင်း ပစ်ချနေမိတယ်
ရှင့်အကြားအာရုံတွေကို နားစိုက်ထား
လိုအပ်လာတဲ့အခါ ပစ်စလက်ခတ်တွေလဲ လက်ခံလိုက်ရတာပဲ
ရှင်နဲ့ကျွန်မဆက်ဆံရေးထဲ ဘာညာဝါဒီတွေကို နားထားလိုက်
မိန်းမလို မိန်းမရအသုံးအစွဲတွေ ကျွန်မမျက်ဝန်းကနေ ကျလာခဲ့ဖူးလား
ရှင်တပ်ထားတဲ့ မျက်မှန်စိမ်းကြီးကို ချွတ်ချလိုက်ပါ
ရှင်တို့က သိပ်ကြီးကျယ်တယ်....
ကမ္ဘာကြီးကို ဘာနဲ့ရောပြီး ဖျော်သောက်ပစ်မှာလဲ
ရောက်ရာအရပ်မှာ ဓါးလွယ်ခုတ်တွေချည်း မလုပ်ပါနဲ့
ရှင်ရေးတဲ့ကဗျာမှာ ရှင်က ကိုယ့်ဂိုးကိုယ်ပြန်သွင်းနေတဲ့ သစ္စာဖောက်တစ်ယောက်
ရှင်သိထားတဲ့အတိုင်း ကျွန်မက အဖြဲခံထားရတဲ့ လက်မှတ်တစ်စောင်
ရက်စက်မှုကို ရိုင်းရိုင်းစိုင်းစိုင်း တုန့်ပြန်လိုက်တော့
ဆိုးဆေးရိုက်ထားတဲ့ ကျွန်မနှုတ်ခမ်းတွေက ကြွရွနေတဲ့ အဆိပ်အတောက်လေ
Posted by
Unknown
at
3:22 AM
0
comments
Labels: ကျော်ဦးလှိုင်
စိုက်ခင်းစိမ်းစိမ်းထဲ အတုအယောင်/အရောင် အတွေးအခေါ်တွေလား မေဂျူနို
အလွတ်မရှိတော့တဲ့ ဘဝအကန့်ထဲ တစ်ယောက်တည်းနေသားကျလာပြီ
စိတ်ထဲဝင်လာတဲ့ သေကောင်းပေါင်းလဲ သတိရခြင်းတွေနဲ့
ငါက အိမ်ပြန်ချင်စိတ်ကို ဘာသာတရားတစ်ခုလို ကိုးကွယ်နေတဲ့သူပဲ
အထီးကျန်နေတဲ့ စိတ်တွေက လေးလေးလံလံဆွဲတင်းထားသလိုမျိုးေ
ဝမ်းနည်းစရာအဖြစ်အပျက်တွေနဲ့ ပတ်ဝန်းကျင်မှာ
ငှက်တစ်ကောင်ရဲ့ ကျွတ်ကျလာတဲ့အမွှေးလို လွင့်ချင်ရာကို လွင့်ပစ်လိုက်ချင်တယ်
လူတွေ မယုံကြည်တဲ့ ကဗျာဆရာဘဝကို ငါက ခုံမင်တဲ့သူ
အထင်လည်း သိပ်မကြီးနဲ့ပေါ့ မေဂျူနို ကမ္ဘာကြီးကို ထမ်းထားတယ်ဆိုတဲ့အထဲ ငါမပါခဲ့ပါဘူး
ကိုယ့်မကောင်းမှုကို ဘယ်သူကများ ရိုးရိုးသားသား ရိုက်ခွဲပြရဲမလဲ
နင့်နှုတ်ခမ်းလှလှလေးနဲ့ ငါ့ကို ကျမ်းကျိန်ပြစရာမလိုပါဘူးကွယ်..
နင့်ရင်အုံနုနုမှာ ငါ့ချစ်ခြင်းမေတ္တာကို တက်တူးလို စွဲစွဲမြဲမြဲ ထိုးပေးထားပေါ့ကွယ်
Posted by
Unknown
at
3:21 AM
0
comments
Labels: ကျော်ဦးလှိုင်
ရစ်သမ်မမိတဲ့ စိတ်ကို မေ့ထားလိုက်ပါ ဂျွန်
ဆွဲစေ့လိုက်တဲ့ အကျီ င်္အိပ်ကပ်ထဲ သောကတွေချည်းဖောင်းကားလို့။
လမ်းခွဲသွားခဲ့ဖူးတဲ့ ဖိတ်စာတစ်စောင်က အရောင်လွင့်နေတယ်။
မျှော်လင့်ထားသမျှ စိုက်ခင်းထဲမှာ ဘာသီးနှံမှ မစိမ်းလန်းသေးဘူး။
ငယ်ငယ်တုန်းကလို တစ်ယောက်ကိုတစ်ယောက် တပ်မက်မှုမပါပဲ လင်မယားလုပ်တမ်း ကစားချင်နေတုန်းလား ဂျွန်။ .
ခင်ဗျားဟာ ချွတ်ခနဲနင်းလာတဲ့ ခြေသံရဲ့ပိုင်ရှင်ပဲ။
ကိုယ့်ကိုကိုယ် ဆွဲလှန်ပစ်လိုက်တိုင်း အခွံတွေချည်းတွေ့နေရတော့မှာလား။
လက်ချောင်းသွယ်သွယ် ဆံပင်ရှည်ရှည် ရင်သားမို့မို့ပေါ်မှာ နွေးထွေးမှုတွေနဲ့ အိပ်စက်ဖို့
ခင်ဗျား အိမ်ကိုပြန်ရမယ်... ပြန်ကိုပြန်နိုင်ရမယ် ဂျွန်။
ခင်ဗျားကျူးလွန်တော့မယ့် တတိယစိတ်ကို ချိုးနှိမ်ပစ်လိုက်။
Posted by
Unknown
at
3:20 AM
0
comments
Labels: ကျော်ဦးလှိုင်
လူ့ဖြစ်စဉ်ကြီးဟာ ဗိုင်းရပ်စ်ထည့်ထားတဲ့ အတုအယောင်ဆော့ဖ်ဝဲတွေ
**မင်ကုန်သွားတဲ့ ဘောပင်တစ်ချောင်းကို ဥပဒေသတစ်ခုချရေးဖို့ ကိုယ့်စိတ်က မလုံဘူး
စဉ်းစားရင်း လေးလံလာတဲ့ ဦးနှောက်တွေကို အသုံးချဖို့ ခပ်ပါးပါးလေး လှီးထုတ်ပေးပါ
အခု ကိုယ်ကဗျာရေးနေတာမဟုတ်ဘူး။ ခံစားမှုရဲ့ခေါ်ရာနောက်ကို လိုက်နေမိတာပါ
ကိုယ့်အရှိုက်ကိုယ်ထိုးမိသလို မျက်ဖြူဆိုက်နေတဲ့ ခေတ်ကြီးမှာ ယဉ်ကျေးမှုအတွက် ကိုယ်က ဘာများလုပ်ပေးနိုင်မှာလဲ
သူတို့တွေက ကိုယ်ကြိုက်တဲ့ စီးကရက်တစ်လိပ်လောက် ဆွဲဆောင်မှုမရှိဘူး
ကိုယ်မျက်စိရှေ့က ကံစမ်းမဲကြော်ငြာလောက် ကြည့်မကောင်းဘူး
ကိုယ်သောက်နေတဲ့ ဝီစကီတစ်ခွက်လောက် အရသာမရှိဘူး
အရသာရှိမလားလို့ ခံစားမှုကို နှစ်ပင်လိမ်ရင်း အနုသယတွေကို ကျစ်နေအောင် ခေါက်ထားတယ်
လူငယ်လေးတစ်ယောက်က သူ့အနာဂါတ်ကို အရွယ်မရောက်ခင် သတ်ပစ်လိုက်တယ်
ကျွန်တော်က မိန်းမတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ အိပ်စက်ရတာပျော်တယ်တဲ့
အသက်ကြီးလို့ လူကြီးဖြစ်တဲ့လူတစ်ယောက် ခပ်ထေ့ထေ့ပြုံးရင်း မှတ်ချက်ချ
မင်းဟာ လောကအတွက်အလကားကောင်ဆိုပြီး သူလက်လေးချောင်းနဲ့ သူ့ကိုယ်သူထိုးလိုက်တယ်
အရူးပေါင်းစုံထဲမှာ ပေါ်ပင်အရူးဈေးကွက်တွေ အခြေအနေမကောင်းဘူး
Posted by
Unknown
at
3:16 AM
0
comments
Labels: ကျော်ဦးလှိုင်
ဟယ်လို...ကြောင်သူတော်
ကျွန်တော့ကျွန်ခေတ် နည်းပညာကျွန်ခေတ်။
အာဏာမှမရတာ ငါ့ကဗျာတွေဘယ်သြဇာရှိပါ့မလဲ။
ဆာလောင်ခြင်းဟာ ငါ့နေ့စဉ်အမှတ်အသား။
ငါ့အရေပြားပေါ် ကြပ်ခိုးလိုစွဲနေတဲ့ လူလုပ်ယဉ်ကျေးမှု။
သာပြီ ဟေ့ ဆို ထုချင်နှက်ချင် အကျင့်ကြီးကိုက ပါနေတာ။
ငါလည်းအတူတူပဲ။အငွေ့ဆွမ်းသာ ဖုန်းရမယ်ဆို မျက်လုံးကလေးကို စင်းလို့။
ဒုက္ခက လျှာကြမ်းကြီးနဲ့ ငါ့ပါးကို လျှက်တယ်။အပျော်ပေါ့။
ဒိုင်ယာလော့ခ်ဒိုးတွေနဲ့ ငါမရွတော့ဘူး။လူတွေရဲ့ဟန်ဆေ
ကျွန်းလုံးမျက်နှာပြင်ပေါ်ကန
Posted by
Unknown
at
3:09 AM
0
comments
Labels: ရဲရင့်လမင်း
ကျွန်တော့်ရင်ဘတ်ထဲ မေတ္တာနဲ့တူတဲ့ မိုးတွေ ရွာနေပြီ မေမေ
သာယာသောမနက်ခင်းပါ ကလေးလေးရေ အိပ်ယာက နိုးပြီလား။
အိပ်ယာခင်းပေါ် ညရဲ့ code ရာတချို့ ကျန်ရစ်။
အာရုံအတွင်းသားထဲက အိမ်လွမ်းနာကို ဖြတ်သန်းဖောက်ထွက်လာတဲ့ သတိရခြင်းညှော်နံ့။
စိတ်အနှောင့်အယှက်မဖြစ်ပါနဲ့ ကလေးလေးရေ။တယောသံကို ကြားရဲ့ မဟုတ်လား။
သစ်ရွက် အသစ်ချပ်ချွတ်တွေကို မြင်ရဲ့မဟုတ်လား။
မေတ္တာတရားရဲ့ ဇောဟာ Time & Space ကိုလည်း ဆွဲချုံ့ပစ်လိုက်ပါပြီ။
အေးစက်နေတဲ့ ကော်ဖီခွက်မှာ နှုတ်ခမ်းရာလေး သုံးခုကို စိတ်ကူးနဲ့တပ်ဆင်ကြည့်မိတယ်။
ပြတင်းပေါက်ကလေပြေက ဘယ်သူမှမမြင်တဲ့ နာကျင်မှုအပေါ် တခုတ်တရ လာပြုတ်ကျပြန်တယ်။
နှင်းကျနေတဲ့ လွင်ပြင်တခုထဲ သွေးကြောတွေအေးခဲခါစ လူတယောက်လို။
ကိုယ့်အရိပ်ကိုယ် ခိုစီးပြီး စိတ်နဲ့အခါခါ အိမ်ကိုပြန်နေမိတယ် အကြိမ်ကြိမ်။
ပရိဘောဂ ဆန်ဆန်ပြောရရင်တော့ ဒုလ္လဘတရားနဲ့ ဒုက္ခသစ္စာဟာ စရွေးကိုက်တယ်။
လူ့ဘဝတဲ့ ဒါမှားနေကြ အမှားပဲ။သံသရာကို ဂစ်တာလုပ်ပြီး ပျော်ပျော်ကြီး တီးကြတာပေါ့။
အသက်ဇီဝမှာ အနုပညာကိုကပ်ပြီး ချစ်ခြင်းတရားနဲ့ ဥာဏ်ပညာကို တေ့ဆက်လေးဆက်ကြည့်ရအောင်။
မနက်ခင်းဟာ အသားကင်နံ့ တွေနဲ့ ကလေးလေးကို ပုတ်နိုးမယ်လို့ ဘာလို့များ ယုံကြည်နေတာလဲ။
Posted by
Unknown
at
3:02 AM
0
comments
Labels: ရဲရင့်လမင်း
တစ်စုံတစ်ယောက်ဟာ အမြဲတမ်း နောက်ကျနေတယ်
ဆန့်ကျင်ဘက်တွေပဲ။ဖရီးကစ်တွေပဲ။
မြေလိမ့်ဘောတွေပဲ။အခွက်ကြမ်းတွေ
ထီးပဲ။မီးဘေး။ရေဘေး။အာဏာဘေး။သဘာ
မာရီနာဘေး။Bay of Bengal.
အုန်းခွံရောင်ပေါက်နေတဲ့ ကျွန်တွေ။
ငါတို့မျက်ခုံးပေါ်မှာ ဆင်းရဲမွဲတေမှုက စင်္ကြံလာလျှောက်နေတယ်။
အဆင်ကဘယ်နေရာမှာမှ မပြေဘူး။
အဆင်မပြေခြင်းကိုပဲ နိုင်ငံရေးလုပ်လုပ်ပေးနေရတယ်။
ကြီးတော်နွားချည်းပဲ လွှတ်ကျောင်းမနေနဲ့ နေပြည်တော်။အ
တိတ်ကိုတော်။အရိပ်ကိုတော်။အတော်
စီစီကလေးရယ်တဲ့မှ တီဗွီရယ် မရှိဘူးလား။
အဖေ့ကိုထိမှာစိုးလို့။တစ်တပ်လုံ
ဖာတလုံးဂေါင်းကျားရေ။တသက်လုံး မုန့်လုံးစက္ကူကို ခြ
င်္သေ့ရုပ်နဲ့ ကပ်ပေါ့။ဆိတ်သေကိုဖုံးထားတဲ့ မင်းတို့ဆင်သားရေ
ကြီးက ထူလွန်းပါတယ်။လူ့အဖွဲ့အစည်းကို မဆဲမိအောင်။
Posted by
Unknown
at
3:00 AM
0
comments
Labels: ရဲရင့်လမင်း
ရှင် တမ်း စာ
ခံစားချက်တအုံ့စာ စိုရုံ ရွာနေတဲ့မိုးက အခန်းရဲ့ နံရံတွေမှာ မြားတွေလို လာစိုက်နေတယ်။
ခေတ်ကြီးက အီဗိုလာ လေပြေနဲ့ ရစ်ချက်စတာစကေး ဘယ်လောက်ထပ်လှုပ်မယ်မှန်းမသိတဲ့
ငလျင်နဲ့။ငါတို့ယိမ်းထိုးနေတာလည
ငါတို့လွတ်မြောက်မယ်။ဆိုဆိုက်ယဥ
ကုန်ဈေးနှုန်းတွေမငြိမ်ရင် ငါတို့ပြေးလိုက်ဖို့၊ငါတို့ရင်ထဲက ကွဲနေတဲ့အိမ်ကို ငါတို့ပြန်ချုပ်ဖို့။
နောက်တဆင်းမှာလည်း အို ဇာတ်ရုပ်နဲ့ပဲ ဘဝကိုပွဲထုတ်ခွင့် ရသလို ငါတို့စိတ်တွေဟာ ကွန်ကရစ်။
ငုံ့ကြည့်စရာအိမ်တိုင်မရှိဘူး။ေ
တကိုက်စာလေးဆိုပေမယ့် မွေးဖွားခြင်းကပဲ စရတာပါ။ဆိုင်ကလုံးတွေရှိတယ်။မီး
သေစာရင်းရှိတယ်။မွေးစာရင်းရှိတယ
မိတ်ဆွေတို့သင်္ကြန်စာဖတ်ပြီးအရက်
ကဲတဲ့မိတ်ဆွေတို့။ဓနသဟာယနိုင်ငံ
ရအောင်။လွှတ်တော်တတ်ပြီး စောက်ရေးမပါတာတွေပွားရအောင်။ခန်
Posted by
Unknown
at
2:55 AM
0
comments
Labels: ရဲရင့်လမင်း
New Player
ဟော့ဒီမနေနိုင်မထိုင်နိုင် ပါးစပ်ကြီးကို ဖျာချုပ်အပ် ကြီးနဲ့ ဆွဲချုပ်ပစ်လိုက်တော့မယ်။
သွားရည်တွေတမြားမြားကျနေတဲ့ လျှာကြီးကို အူပါအခွေလိုက်ပါလာအောင်
စောင့်ဆွဲပြီး မြေပေါ်အထွေးလိုက်ပုံချပေးလိုက်ေ
သွားတွေက ခေတ်ကိုတကျွတ်ကျွတ်ဝါးဖို့ ပလက်ဖောင်းပေါ်ခုန်ဆင်းသွားပြီ။
အသက်ရှုလိုက်တိုင်း အဆုတ်နဲ့ လာလာငြိနေတဲ့ အောက်ဆီဂျင်ဖတ်တွေ။
အစာမကျေဘူး။ကမ္ဘာမကျေဘူး။
အစာအိမ်ထဲ စစ်အုပ်ချုပ်ရေးပေတံတွေအတောက်လိ
ဒစ်ဂျစ်တယ်ဒိုင်ခွက်ပေါ်ပြေးလွှား
အရေးပေါ်နှလုံးရှော့ရိုက်သံတွေ အားလုံးတိတ်ဆိတ် ငြိမ်သက်သွားပြီ။
Posted by
Unknown
at
2:52 AM
0
comments
Labels: ရဲရင့်လမင်း
စကားလုံး MONSTER များသို့ ဘုရား+သခင် မှ Key:G Bossanova ဖြင့်စီရင်အပ်သော အထိတ်+တလန့် ပေးစာ
+
ခင်ဗျားတို့အမြင်မတော်လို့ တိုက်ပေါ်ကပြုတ်ကျပြီး အုတ်ဆက်
ပွင့်နေတဲ့ ကဗျာဟာ ငါပါပဲ။ငါဟာ တစ်ခုလပ် ငါ့ကဗျာတွေ ကို ဘယ်ယဉ်ကျေးမှုနဲ့မှ တန်းညှိပြီး
နောက်လင် မရစေရဘူး။မြင်းတစ်ကောင်ရဲ့ခွာရာ
+
ခုံးထလာတဲ့ လိင်စိတ်ကို မေတ္တာတရားနဲ့အပူပေးပြီး ဆွဲဖြောင့်ပစ်လိုက်တယ်။
+
ထစ်ခနဲဆိုရောဂါက ၃၆၀။လည်နေတဲ့ သံသရာထဲ ငါ့ကိုယ်ငါ လုံးချေပြီးပစ်ထည့်မိပြီ။
ရပ်နေတဲ့အမှတ်စက်ကလေးမှာ ရုန်းကြွနေတဲ့ အတ္တတွေ။ကန်ချက်က တိုင်ထိပြီးထွက်သွား။
ပြာဖြစ်သွားတဲ့အထိ တစ်ဂိုးမှ မရခဲ့တဲ့ လူတွေ လူတွေ။
+
အထင်ကြီးကြ။အထုပ်ဆွဲကြ။အထာကိုင်
+
လက်ယောင်လိုက်နေတဲ့ အတွေးအခေါ်တွေနဲ့ အနှစ်သုံးဆယ်ကျော် အထိမ်း
အသိမ်း ခံခဲ့ရတဲ့ ဟောဒီ ဦးခေါင်းကြီးကို conservative တံဆိပ်ကပ်ပြီး လူလယ်ခေါင်မှာချပြ လိုက်တယ်။
သုံးချက်တွက်နည်းအတိုင်းပဲ ငါတို့တွေဟာ ငတုံးတွေလို အနည်းလို
အများစားခြေ ဖော်မြူလာ အတိုင်း ငအတွေ ဖြစ်ခဲ့ရတဲ့ လူတွေ လူတွေ။
Posted by
Unknown
at
2:51 AM
0
comments
Labels: ရဲရင့်လမင်း
ဒီမြို့မှာ ခင်ဗျားက ဘာနတ်လဲ
ဒါလီရဲ့ အရည်ပျော်နေတဲ့နာရီတွေပြီးရင် ဒုတိယငါအလိုချင်ဆုံးက အရည်ပျော်နေတဲ့
ကဗျာတွေပဲ။အဲ့ဒီကဗျာတွေကိုထည့်ဖ
တစ်စုံတစ်ယောက်က ငါ့ကို မင်းကဗျာမရေးနဲ့တော့လို့ပြောလာရ
မြို့ကျဉ်းကျဉ်းလေးထဲက လမ်းကျဉ်းကျဉ်းလေးထဲမှာ မိဘမေတ္တာထမင်းဆိုင်လေးရှိပါတယ်။
စားကြသောက်ကြရင်း လမ်းပေါ်မှာ အိမ်ဖွဲ့နေတဲ့ မိသားစုတွေ။
ဖွာလက်စ စီးကရက်ကို မီးသတ်ပြီး ပလက်ဖောင်းပေါ်လွှင့်ပစ်လိုက်တယ်။
နွေဟာ ရှဲခနဲ ငါ့ခြေထောက်ကို တစ်ခါသုံးပစ္စည်းတွေနဲ့ ဝင်ဝှေ့တယ်။
လမ်းဘေးဓာတ်တိုင်တွေ အရင်လိုပဲ ရှုပ်ယှက်ခတ်လို့
ကောင်းတုန်း၊မင်းလှ ခံတပ်အပါအဝင် အားလုံးဟာ အမှောင်မစင်သေး။
Posted by
Unknown
at
2:49 AM
0
comments
Labels: ရဲရင့်လမင်း
သက္ကရာဇ် ၂၀၅၀ မှာ မင်းးးးးးဘဝကူးကောင်းပါစေ မိဝါဆို
မင်းဟာသတ္ထုမျက်နှာနဲ့ သိပ်လိုက်ဖက်တာပဲ။မင်းဟိုက်ထားတဲ့ ရင်ညွန့်မှာ ရမ္မက်မီးတွေတောက်လာအောင်။
မင်းဝတ်ထားတဲ့စကတ်တိုတိုမှာ ပုရိသလှိုင်းတွေထန်လာအောင်။သီအိုရီကျကျ မင်းတွက်ချက်ပြီး
မဟုတ်လား။မင်းခေါင်းပေါ်ကဝဲကျနေတဲ့ ပလပ်စတစ်ဆံသားတွေကလည်း မြို့ရဲ့ မြစ်ရေကြီးခြင်းသတင်းကို
ဖြစ်ပေါ်စေခဲ့ပြီ။မင်းဟာ ဓာတ်ကြီးလေးပါးကိုလျစ်လျူရှုထားတဲ့ သီရိမာပဲ။ဟမ္ဘာဂါကို မသိတဲ့
ဓာတုကလ်ာပဲ။မင်းဟာအေဒီ 2014 မှာခေတ်ထဲကို ကိုယ်လုံးတီးနဲ့ ပြေးဝင်လာတဲ့ မိုင်လေးဆိုင်ရပ်စ်ပဲ။
မင်းရဲ့ရင်သားနဲ့တင်ပါးထဲက ဆီလီကွန်တွေမှာ စပါးကြီးသည်းခြေကိုဆော့ဖ်ဝဲလ်လုပ်ပြီးထည့်ထားတယ်။
ဒေါက်မြင့်ဖိနပ်ကြီးစီးပြီး မင်းလမ်းလျှောက်တဲ့အခါဆန့်ကျင်ဘက်လိင်တွေဟာ လည်တဆန့်ဆန့်နဲ့လမ်းပေါ်
ထွက်လာကြတယ်။မင်းနှုတ်ခမ်းတွေက ယူရေနီယံနဲ့ထွင်းထားတာလား/ တိုက်တေနီယံနဲ့သွန်းထားတာလား။
ငွေရောင်တစ်လက်လက်ထနေတဲ့ ပလက်တီနမ်လိုမင်းရဲ့အရေပြားက ဘာရောင်ခြည်ကိုမှ
မမှုဘူးဆိုတာတော့သေချာတယ်။ကမ္ဘာကြီးပူနွေးလာတာကိုလည်း မင်းမသိဘူး။
သစ်တောတွေပြုန်းတီးနေတာလည်း မင်းမသိဘူး။
လူတွေတဏှာ/အာဏာရူး ရူးနေတာလည်း မင်းမသိဘူး။
ရောဂါပိုးအသစ်အသစ်တွေဖြစ်ပေါ်နေတာကိုလည်း မင်းမသိဘူး။
ကိုယ်ချင်းစာတရားတွေ စုတ်ပြတ်သတ်လာတာလည်း မင်းမသိဘူး။
Posted by
Unknown
at
2:47 AM
0
comments
Labels: ရဲရင့်လမင်း
လိပ်ပြာအမှတ် ၄၊အခန်း ၇/ဒီ၊တိုက် ၁၃
ကြက်ခြေခတ်။ ။ ဆေးလိပ်တွေသောက်နေရတာကို ငါခုံမင်လာခဲ့တယ်။အငွေ့တွေကငါ့အဖော်ပဲ။
ငါ့ရိုးသားခြင်းဝတ်ရုံဟာ အခန်းထောင့်မှာပြာကျနေပြီ။အသက်ရှုခြင်းကလွဲလို့ ငါ့ခန္ဓာကိုယ်အစိတ်
အပိုင်းတွေအားလုံးဟာ တစစနဲ့ လောင်ကျွမ်းနေခဲ့။ငါဟာ ငါ့ကိုယ်ငါ အနုကြမ်းစီးနေတဲ့ တစ္ဆေ
တစ်ကောင်ပဲ။ငါပျော်တယ်၊ငါမပျော်ဘူး။ဝေဒနာနဲ့တည်ဆောက်ထားတဲ့စိတ်။ငါ့ဦးနှောက်ထဲက
ဆဲလ်အသေတွေ၊ငါ့ကိုယ်ပေါ်ယှက်ဖြာစီးဆင်းနေတဲ့ သွေးကြောတွေ အားလုံးဟာ အနက်ရောင်
မလွယ်ပေါက်တွေဆီကို ဦးတည်ရွေ့လျား။ငါ့အရေပြားက ညှော်နံ့တွေ ထွက်နေပြီ။၁၀ပေပတ်လည်
အခန်းကျဉ်းလေးထဲက ရေနံမြေလုပ်သားတွေရဲ့ ဘဝကို ဘာကြောင့်ငါသတိရနေမိ။ဘဝဟာဘာလဲ၊
အနုပညာဟာ ဘာလဲ။ပြီးတော့ ဝမ်းရေး၊ရေနုတ်မြောင်းထဲက စီးကရက်အစီခံလေးလို ငါ့လူမှု
ဝန်းကျင်မှာ ငါဘယ်လောက်ကြာကြာကိုယ်ဖော့ထားနိုင်မလဲ။(+ - × ÷)သင်္ချာညံ့တဲ့ ငါ့ငယ်ဘဝကို
ငါမရင်းနှီးတဲ့ လက်မဲကြီးတွေကသာ ခြောက်လှန့်နေခဲ့တာ။
Posted by
Unknown
at
2:46 AM
0
comments
Labels: ရဲရင့်လမင်း
ဒိုင်ယာဇီပင်နဲ့ မာရှီနဲ့ ဆံပင်အရှည်နဲ့ ၁၉၉၆က ငါ့ လူငယ်ဘဝ
ဘာလာလာအကုန်ကစ်တယ်။အရာရာကို လက်မခံ/
လက်တည့်လည်းစမ်းလိုက်တာပဲ ဘာလာလာ။ရှော့ခ်တွေကို ခေါက်ထား။
အိတ်ကပ်ထဲရေလန်းတာနဲ့ လူကလမ်းပေါ်ရောက်နေပြီ။မုတ္တ
ခိုးရောင်းခဲ့ဖူး။ပြည်သူပိုင
အစွန်က ကီးပေါ်မှာချိတ်ထားတဲ့အရက်ဖြ
ညစာငတ်တဲ့လမ်းဘေးအုတ်ခုံပေ
မူးမူးနဲ့အော်ဆိုခဲ့။ခင်ဝမ်
ရွတ်ဖတ်ခဲ့။Ward Six ထဲ က အိုင်ဗင်ဂရိုမော့ဗ်နဲ့ စကားတွေပြောခဲ့။
စိတ်ထဲစီးဝင်နေတဲ့ ပင်လယ်ဟာ ချစ်ခြင်းမေတ္တာပဲ။တာရာမင်း
ရွှေရောင်ဖိနပ်ပေါ်ကအစိမ်း
Posted by
Unknown
at
2:02 AM
0
comments
Labels: ရဲရင့်လမင်း
Sunday, March 1, 2015
ခင်ဗျားမှာ အိပ်မက်ရှိလား
လယ်ကြွက်တစ်ကောင်မှာတောင် အိပ်မက်ရှိတယ်
လယ်ကြွက်တစ်ကောင်ရဲ့အိပ်မက်ဟာ လုံးကြီးပေါက်လှ စပါးခင်းကြီးဖြစ်တယ်
လယ်ကြွက်တစ်ကောင်ရဲ့ အိပ်မက်ဟာ လုံးကြီးပေါက်လှ စပါးခင်းကြီးလို အစွမ်းကုန် စိမ်းလန်း
လုံးကြီးပေါက်လှ စပါးခင်းကြီးဟာ လယ်ကြွက်တစ်ကောင်ရဲ့ နိဗ္ဗာန်ဘုံ
လယ်ကြွက်ဟာ နိဗ္ဗာန်ဘုံ ကို မျှော်မှန်းပြီး ရှင်သန်တယ်
လယ်ကြွက်ဟာ နိဗ္ဗာန်ဘုံ ကို ရည်စူးပြီး သွားတွေကို သွေးတယ်
အိပ်မက်တို့ ရွှေရည်လူးလေပြီ
Posted by
Unknown
at
2:25 AM
0
comments
Labels: လင်းလက်တာရာ
ရွာရိုး
ကံဇာတ်ဆရာက ကတ်ဆက်ကို အကျယ်ကြီးဖွင့်နေသည်။
'ဟဲလို အမေ နေကောင်းလား၊ သား ဒီလ အိုတီမကောင်းလို့ အဲဒါ '
လေကြမ်းတိုက်နေသည်။ ညောင်ရွက်တွေ တဖွဲဖွဲကြွေနေသည်။
ညောင်ကိုင်းတွေ တစ်ကိုင်းနဲ့ တစ်ကိုင်း တဖြောင်းဖြောင်းရိုက်နေသည်။
ညောင်မြစ်တွေရော ပုတ်သင်ဥတွေရော ပေါ်ကုန်သည်။
'စာဥရယ် နင် မလေးရှားသွားတာတောင် ၃ နှစ်ရှိပြီ ငါ့ဆီ စာလေးတစ်စောင်တောင် မရေးဘူး'
လေကြမ်းက အလစ်ဝင်ဝင်တိုက်သည်။ မလေးရှားပိတောက်ပင်ပေါ်က
စာသိုက်တွေ ပြုတ်ကျသွားသည်။ စာဥတွေ ကွဲကုန်သည်။
'ငါ နွားမဟုတ်ဘူး ဝိုင်းစိန်၊ ဒါပေမယ့် ငါ ငါ နွားလုပ်ပါရစေ
နင့်အရှက်နဲ့ အသက်အတွက် ငါ နွားလုပ်ပါရစေ'
တစ်ခါတရံ၌ ချစ်ခြင်းမေတ္တာသည် နွားအုပ်ပျောက်နေသော နွားကျောင်းသားကဲ့သို့။
Posted by
Unknown
at
1:51 AM
0
comments
Labels: လင်းလက်တာရာ
ငါတို့ဟာ အချိန်မရွေးဖျက်ချခံရနိုင်တဲ့ သန္ဓေသားလောင်းတွေ
တိမ်မည်းတွေကို ဆွဲဖြဲပြီး ထွက်လာတဲ့ ကြယ်ဟာ တိမ်မည်းတွေထဲ ဝင်သွားတယ်
နေမဝင်အင်ပါယာ ဟာ ကြယ်လား တိမ်မည်းလား
စကြာတံဆိပ် ဟာ ကြယ်လား တိမ်မည်းလား
ခင်ဗျားမှာ ကြယ် ဘယ်နှစင်းရှိပြီး တိမ်မည်း ဘယ်နှခင်း ရှိလဲ
စောက်ကြီးစောက်ကျယ် လပြည့်ညကို မစောင့်တော့ဘူး
ချက်ချင်း ထဆောက်လိုက်တယ် ဖွဲ့စည်းလိုက်တယ် ရေးသားလိုက်တယ်
'ဒွိ' ဆန်တဲ့ အရေးအသားဟာ 'ဟ' နေတယ်
'ဟ' နေတဲ့ အပေါက်ကနေ လွတ်မြောက်မှု အာကာသကို တွေ့ နိုင်မယ်
ကဗျာ့တံခါးကို လာလာခေါက်နေတဲ့ ခေတ်ပြိုင်တစ္ဆေ
လက်သည်းအရှည်ကြီးနဲ့ ကုတ်ခြစ်တယ် ဆံနွယ်ရှည်ကြီးနဲ့ လည်ပင်းပတ်တယ်
ခြေထောက်အရှည်ကြီးနဲ့ စောင့်ကန်တယ် လျှာအရှည်ကြီးနဲ့ နမ်းတယ်
နှစ်များဟာ အစိမ်းသေလို ခြောက်လန့်တယ်
တစ်ယောက်သောသူ ကာလီမယ်တော်အတွက် ယဇ်ပူဇော်လို့
တစ်ယောက်သောသူ ငါးသက်စေ့လွှတ်လို့
သိမှုမှာ မီးစိမ်းနေပုံလေး ဆန်းကြယ်
ကမ္ဘာကြီးဆီ လှမ်း 'ချက်တ်'တယ် အာရှတိုက်ကြီးဆီ လှမ်း 'တက်ဂ်' တယ်
Posted by
Unknown
at
1:17 AM
0
comments
Labels: လင်းလက်တာရာ
ဆောင်းကို ဘယ်သော့နဲ့ ဖွင့်
ဆောင်းနှံ့ရပြီလို့ သူမက ပြောတယ်
ငါရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်ထဲ
ဆောင်းနံ့ရော သူမ ရနံ့ရော ရောယှက် ပျော်ဝင်သွား
ငါရော ငါ့စိတ်ရော ငါ့နှလုံးသားရော ရောယှက် ပျော်ဝင်သွား
ငါရောက်နေတဲ့အရပ်က နှင်းမရှိဘူး
ငါ့ရင်ထဲမှာတော့ နှင်းရည်စက်လက်
ရေပိုက်ခေါင်းကို ဖွင့်လိုက်တော့ ဆောင်းဟာ ကျလာ
မီးခလုတ်ကို ဖွင့်လိုက်တော့ ဆောင်းဟာ လင်းလာ
လှန်လိုက်တဲ့ စာအုပ်ကြားထဲ ဆောင်း
ဒေါင်းထားတဲ့ သီချင်းထဲလည်း ဆောင်း
သစ်ရွက်လေးက နေရောင်ရဲ့ Note ထဲဝင်ပြီး ကဗျာတွေ ခိုးဖတ်နေတယ်
Posted by
Unknown
at
1:16 AM
0
comments
Labels: လင်းလက်တာရာ
ငါ့ကိုယ်ငါ ရိုက်နှက် ထုတ်ဝေလိုက်တဲ့ issue
ငါ့နားရက် အင်္ဂါဟာ အင်္ဂါတွေ တစ်စစီပြုတ်ထွက် နေတဲ့ အင်္ဂါဖြစ်တယ်
ငါနဲ့တူတဲ့ ခရမ်းချဉ်သီးဖတ်လေးဟာ ဟင်းအိုးထဲမှာ ဆူပွက်နေတယ်
ငါ့ ဗီစီဒီပန်းခြံထဲမှာ မင်းသားနဲ့မင်းသမီးဟာ စောက်မြင်ကပ်လောက်အောင် ပတ်ပြေးနေတယ်
ကဗျာထဲမှာ ဗိုက်ကြီးသွားတဲ့ စာသားမလေးကို ကဗျာရေးသူဟာ တာဝန်ယူလိုက်တယ်
ငါဆာနေတဲ့အရာကို နာဆာက မမြင်နိုင်ဘူးလို့ ငါထင်တယ်
စစ်မှန်တဲ့ပညာရေးစနစ်ကိုငတ်ရင်း
သစ်သားကောက်ကြောင်းလေးထဲမှာ သစ်တောကြီးရဲ့ အသံရှိမလားလို့ နားစိုက်ထောင်မိတယ်
အရေးပေါ် ဥဩဆွဲသွားတဲ့ ကားထဲမှာ ငါပါသွားသလားလို့ ဝရန်တာဆီ ပြေးထွက်ကြည့်မိတယ်
ဟိုးဝေးဝေးက တောင်တန်းဆီ မြူခိုးတွေလို ငါလှမ်းဆက်သွယ်နေတယ်
လေယာဉ်သံဟာ ငါ့အိမ်လွမ်းနာဆီ ဗုံးတွေ ပိုက်စိပ်တိုက် ကျဲချသွားတယ်
ငါ့သေတ္တာထဲမှာ သစ်တာတွေ တစ်ခုမျှမရှိဘူးလို့ ငါဟောင်းပစ်လိုက်တယ်
မြက်ရိတ်စက်ကြီးက တဂီးဂီးနဲ့ ငါ့စိတ်တွေကို လာရိတ်နေတယ်
ဂိုးပြတ်ရှုံးနေတဲ့ အဝေးကွင်းမှာ ငါဟာ လက်ခလယ် ထောင်ပြခံရသူ ဖြစ်တယ်
လူကုန်ကူးခံရတဲ့ မိရိုးဖလာဟာ မမှတ်မိလောက်အောင် ငယ်ရုပ်ပျောက်သွားတယ်
Posted by
Unknown
at
1:13 AM
0
comments
Labels: လင်းလက်တာရာ
မီးပုံးပျံ
အဲဒီမီးပုံးပျံကြီးက သူ့အပေါ်တည့်တည့်
ပျက်ကျလာလိမ့်မယ်လို့ မတွေးမိခဲ့ဘူး
အခု သူတွေးပြီ
နောက်ကျ ဥာဏ်အလင်းပွင့်လေးနဲ့ သူတွေးပြီ
လက်ခုပ်သံတွေဟာ အချိန်မရွေးပျက်ကျသွားနိုင်တယ်လ
ရယ်သံလွင်လွင်တွေဟာ အချိန်မရွေးပျက်ကျသွားနိုင်တယ်လ
လွတ်လပ်ခြင်းတွေဟာ အချိန်မရွေးပျက်ကျသွားနိုင်တယ်လ
ပျော်ရွှင်ခြင်းတွေဟာ အချိန်မရွေးပျက်ကျသွားနိုင်တယ်လ
ငြိမ်းချမ်းရေးဟာ အချိန်မရွေးမရွေးပျက်ကျသွားနိုင
ယုံကြည်ချက်တွေဟာ အချိန်မရွေးပျက်ကျသွားနိုင်တယ်လ
အမှန်တရားလို့ ထင်ရတဲ့အရာတွေအားလုံး အချိန်မရွေးပျက်ကျသွားနိုင်တယ်လ
Posted by
Unknown
at
1:11 AM
0
comments
Labels: လင်းလက်တာရာ
စိတ်တစိမ့်စိမ့်
လိုင်းပေါ်ရောက်တာနဲ့ အာရုံက နောက်တော့တာပဲ
ကျွဲခြေရာခွက်လောက် အကြည်ဓာတ်လေးကို နွားအုပ်ကြီး ဖြတ်နင်းသွား
နေ့စဉ်လူ့ဖြစ်တည်မှုဆိပ်ကမ်းမြိ့
နေထွက်ချိန်ကို မမီလိုက်တဲ့နေ့တွေ များလာတယ်
နေဝင်ချိန်ကို မမြင်လိုက်ရတဲ့ရက်တွေ ထပ်လာတယ်
တင်းထားတဲ့စိတ်တွေ အစည်းလိုက်ပြေကျသွားတယ်
အမှိုက်ကားထဲ သွန်ချလို့မရတဲ့ အကုသိုလ်တွေကို ပြန်ထမ်းလာရတယ်
တစက်မြိတ်ကနေ လှိမ့်ကျလာတဲ့ ရေစက်တွေလိုပဲ
တချို့ဘဝတွေ ဘဝအဖြစ်ကနေ လျှောကျနေ
ကဗျာဟာ ပင်လယ်ရေမျက်နှာပြင်ထက် ဘယ်လောက်မြင့်မြင့်မှာ လွင့်နေတဲ့တောင်လဲ
ကဗျာဟာ ပင်လယ်ရေအောက် ဘယ်လောက်နက်နက်မှာ မြုပ်နေတဲ့ ကျွန်းလဲ
မမြင်ရတဲ့တောင်ကို ကိုယ့်ဘာသာ နာမည်ပေးပြီး တက်နေ
မမြင်ရတဲ့ကျွန်းကို ကိုယ့်ဘာသာ နာမည်ပေးပြီး ရွက်လွှင့်နေ
ညနက်ကြီးထဲ ဘတ္ထရီအိုးလို အခန်းပျက်နေတဲ့ သိမှုနန်းကြိုးမျှင်လေးရဲ့ လင်းပွင့်မှု
ငါ့အခန်းကို ငါ လော့ချလိုက်တယ်
Posted by
Unknown
at
1:10 AM
0
comments
Labels: လင်းလက်တာရာ
ဧရာမမီးခိုးမှိုပွင့်ကြီးတွေ
သူတို့တွေ ကမ္ဘာဆီ ရောက်လာပြီးကတည်းက မပြန်တော့
ဟီရိုရှိးမားမှာ ပွင့်တယ် ၊ အရှေ့ တောင်အာရှမှာ ပွင့်တယ်
ဥရောပမှာ ပွင့်တယ် ၊ လစ်ဗျားမှာ ပွင့်တယ်
အာဖဂန်နစ္စတန်မှာ ပွင့်တယ် ၊ ဆီရီးယားမှာ ပွင့်တယ်
အမေရိကမှာ ပွင့်တယ် ၊ အာဖရိကမှာ ပွင့်တယ်
တိုက်ကြီး ၆ တိုက်စလုံးမှာ သူတို့ပွင့်တယ်
မြို့တော်ကြီးတစ်ခုလုံး တစ်စပြင်ကြီးဖြစ်သွားအောင် သူတို့ပွင့်တယ်
ဥယျာဉ်ကြီးတစ်ခုလုံး ပြာပုံကြီးဖြစ်သွားအောင် သူတို့ပွင့်တယ်
သွေးသံရဲရဲ သေပန်းတွေ အစုလိုက်အပြုံလိုက် အဆုတ်လိုက်အခဲလိုက်ဖြစ်အောင် သူတို့ပွင့်တယ်
မိသားစုတွေ၊ အသိုက်အမြုံတွေ တစ်စစီတစ်ပိုင်းစီတစ်မှုန့်စီ ဖြစ်အောင် သူတို့ပွင့်တယ်
မျက်ရည်တွေ ချောင်းစီး၊ နှလုံးသားမှာ အာဃာတမီးတွေ တောက်အောင် သူတို့ပွင့်တယ်
Posted by
Unknown
at
1:00 AM
0
comments
Labels: လင်းလက်တာရာ
မိုးပေါ်ကို ထောင်ကန်လိုက်တဲ့ ဘောလုံး
မိုးပေါ်ကို ရေသန့်ဗူးကောက်တဲ့ ကောင်လေးတစ်ယောက် ဘောလုံးကို ထောင်ကန်လိုက်တယ်
မြေပြင်ပေါ် ပြန်ကျလာတယ်
အခန်း(၂)
မိုးပေါ်ကို ကောက်စိုက်သမလေး တစ်ယောက် ဘောလုံးကို ထောင်ကန်လိုက်တယ်
မြေပြင် ပေါ် ပြန်ကျလာတယ်
အခန်း(၃)
မိုးပေါ်ကို ကလေးစစ်သားလေး တစ်ယောက် ဘောလုံးကို ထောင်ကန်လိုက်တယ်
မြေပြင်ပေါ် ပြန်ကျလာတယ်
အခန်း(၄)
မိုးပေါ်ကို ပျံကျဈေးသည်မလေးတစ်ယောက် ဘောလုံးကို ထောင်ကန်လိုက်တယ်
မြေပြင်ပေါ် ပြန်ကျလာတယ်
Posted by
Unknown
at
12:57 AM
0
comments
Labels: လင်းလက်တာရာ
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web