တစ်ယောက်တည်း ကောင်းကင်ပေါ်ကိုမော့ကြည့်ပြီး အော်ချလိုက်တယ်
ကောင်းကင်ဘုံက အသုံးမလိုတဲ့ ကျည်ဆန်တွေ သူ့လက်ဖဝါးမှာ စိုက်ဝင်လို့
တိုင်းရင်းသူလေးရဲ့ ရိုးရာဝတ်စုံဟာ စုတ်ပြဲရာဗရပွနဲ့ ညစ်နွမ်း
သွေးစီု့နေတဲ့ ခြေဖဝါး အသက်လုပြေးသံတွေက ပြင်းထန်လွန်းတယ်
ဘယ်သူတွေ မှားနေခဲ့လဲ ဘယ်သူတွေ မတရားပဲ သေခဲ့လဲ
အေးချမ်းမှုတွေကို ရွာလုံးကျွတ်မီးလောင်တိုက်အသွင်
အသက်ဓါတ်တွေဟာ မြေမှာ တစ်စစီ ပြန့်ကျဲလို့
ဘယ်ဘုရားသခင်က သေနတ်သံတွေကို ကျကျနနကြီး ဖန်ဆင်းပစ်လိုက်လဲ
မင်းမသိတဲ့ စစ်ပွဲတွေကြားမှာ မင်းတို့မိသားစုလေးက ကံကြွေးပါလာခဲ့လား
သားကောင်တွေ ထမ်းပြီးပြန်လာရင်
မင်းတို့မောင်နှမနှစ်ယောက် ခုန်ပေါက်လက်ခုပ်လက်ဝါးတီး
အပြေးအလွှားကြိုဆိုတာကို ပြုံးပြီးကြည့်တတ်တဲ့ အဖေ
မင်းအတွက် မွေးနေ့လက်ဆောင်တဲ့...
ပန်းပွင့်လှလှလေး သွားခူးနေတဲ့ မင်းရဲ့မောင်လေးခမျာ
သွေးဆာလွန်းတဲ့ ဒေါသတွေကြားမှာ ခြေတွေလက်တွေ တစ်စစီဖြစ်သွားခဲ့ရ
ကြေကွဲမှုဟာ မင်းရင်ထဲမှာ ဆို့နင့်မှောင်မိုက်သွားပေါ့
မျက်ရည်ဆိုတာ ဝမ်းနည်းစရာနဲ့ ကြုံရင် ကျတတ်တာပဲကွယ်
အားတင်းထားပါလို့ ဘယ်သူကများ ပြောထွက်မလဲ
ပြန်မရနိုင်တော့တဲ့ မိသားစုလေးဟာ မင်းရဲ့ဆာလောင်မှု
ရှိုက်သံသဲ့သဲ့ ဆုတောင်းသံ လွင့်ပျံ့သွားပုံက
သေမင်းတမန်ပန်းပွင့်တွေ ဟောဒီကမ္ဘာကြီးမှာ ဆိတ်သုဉ်းသွားပါစေတဲ့လားကွယ်..
နှုတ်ခမ်းဖိကိုက်ထားတဲ့ ဆုတောင်းသံနဲ့ မင်းက
လောကကြီးကို လှလှပပ ကလဲ့စားချေပစ်လိုက်တယ်... ။
Monday, March 2, 2015
ကမ္ဘာကြီးထဲက Echo သံတွေ
Posted by
Unknown
at
3:23 AM
Labels: ကျော်ဦးလှိုင်
Subscribe to:
Post Comments (Atom)
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web
0 comments:
Post a Comment