အသက်ဇီဝဟာ ကားနောက်ဖုံးထဲမှာ
လိုဏ်ဂူထဲ ၇ ရက်ပိတ်မိနေတဲ့ ရဟန်းကို ပထမဆုံး ကိုယ်ချင်းစာမိတယ်
ရေစိုအဝတ်အထပ်ထပ်ပတ်ထားတဲ့ အလုံပိတ် အနက်ရောင်ဗူးခွံထဲမှာလို
သေမင်းရဲ့အရောင်ဟာ အမှောင်
ကားအိတ်ဇောငွေ့ဟာ အမှောင်ကိုဖြတ်ပြီး
အဆုတ်နံရံတွေကို သန်မာစွာ ဆုပ်ချေညှစ်ပစ်လိုက်တယ်
ချိုးထားရတဲ့ဇက်ကို မတ်မရဘူး
လိမ်ထားရတဲ့လည်ကို ဖြည်မရဘူး
ကွေးထားရတဲ့ခြေကို ဖြောင့်မရဘူး
နာကျင်ကိုက်ခဲမှုဟာ တစ်ဘဝစာ
တစ်နာရီမိုင်ကုန်မောင်းနေကြောင်
အရေပြားဆီ မီးလို ခွဲဝင်လာတယ်
အရှိန်နဲ့ ချိန်သားကိုက် ခေါင်းကိုထုရိုက်နေတဲ့ ကားနောက်ဖုံးသံပြားဟာ
ဇွန်းတစ်ချောင်းလို
ပုလင်းတစ်လုံးလို
နောက်တော့ .....
တူတစ်လက်လို
နှစ် ၆၀ စာ နောက်ကျကျန်ခဲ့တဲ့ စနစ်ကြီးရဲ့ သားကောင်တွေပါ
ပြိုကွဲ ပျက်စီးသွားတဲ့ မိသားစုသတင်းကို မျက်ရည်နဲ့ မီးဖိုဖို့
အိမ်ကို သူခိုးလို အဲဒီလို ငါတို့ ပြန်လာခဲ့ကြတယ်။
Tuesday, March 3, 2015
အိမ်အပြန်
Subscribe to:
Post Comments (Atom)
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web
0 comments:
Post a Comment