Monday, March 2, 2015

ရှင် တမ်း စာ

ခံစားချက်တအုံ့စာ စိုရုံ ရွာနေတဲ့မိုးက အခန်းရဲ့ နံရံတွေမှာ မြားတွေလို လာစိုက်နေတယ်။
ခေတ်ကြီးက အီဗိုလာ လေပြေနဲ့ ရစ်ချက်စတာစကေး ဘယ်လောက်ထပ်လှုပ်မယ်မှန်းမသိတဲ့
ငလျင်နဲ့။ငါတို့ယိမ်းထိုးနေတာလည

်း မပြောနဲ့ ငါတို့ဟာ စတုတ္ထလှိုင်းလုံးထဲမှာ။ငါတို့သေရင်
ငါတို့လွတ်မြောက်မယ်။ဆိုဆိုက်ယဥ
်ကျေးမှုက အမြီးနံ့ပြတယ်။ငါတို့ဒူးတွေကောင်းဖို့လိုတယ်။
ကုန်ဈေးနှုန်းတွေမငြိမ်ရင် ငါတို့ပြေးလိုက်ဖို့၊ငါတို့ရင်ထဲက ကွဲနေတဲ့အိမ်ကို ငါတို့ပြန်ချုပ်ဖို့။
နောက်တဆင်းမှာလည်း အို ဇာတ်ရုပ်နဲ့ပဲ ဘဝကိုပွဲထုတ်ခွင့် ရသလို ငါတို့စိတ်တွေဟာ ကွန်ကရစ်။
ငုံ့ကြည့်စရာအိမ်တိုင်မရှိဘူး။မော့ကြည့်စရာဟာကောင်းကင်ဆိုရင် သူလည်းမလွတ်လပ်သေးပါဘူး။
တကိုက်စာလေးဆိုပေမယ့် မွေးဖွားခြင်းကပဲ စရတာပါ။ဆိုင်ကလုံးတွေရှိတယ်။မီးတောင်တွေရှိတယ်။
သေစာရင်းရှိတယ်။မွေးစာရင်းရှိတယ်။သင်္ခါရကိုမလွန်ဆန်ပဲ ကဗျာတွေကိုရေးမိကြတယ်။
မိတ်ဆွေတို့သင်္ကြန်စာဖတ်ပြီးအရက်သောက်တဲ့ မိတ်ဆွေတို့။နိုက်ကလပ်တတ်ပြီးဆော်လေးတွေနဲ့
ကဲတဲ့မိတ်ဆွေတို့။ဓနသဟာယနိုင်ငံထူထောင်ရအောင်။နတ်ကိုးချက်အစိုးရလို ပြောချင်တာပြော
ရအောင်။လွှတ်တော်တတ်ပြီး စောက်ရေးမပါတာတွေပွားရအောင်။ခန်းဆီးစကိုဆွဲပိတ်လိုက်တယ်။

သီတင်းကျွတ်ညဟာ Twins Tower ထိပ်မှာ ချိတ်လို့။ငါတို့တွေ လရောင်ကိုအားကျကြတယ်။
ငါတို့တွေဟာကျွန်အရေပြားကိုခြုံထားကြတယ်။နာကျင်မှု ဘာလဲလို့ မေးလာရင်၊ငါတို့မှာ
ပြောစရာစကား မရှိဘူး။ငြိမ်းချမ်းရေးဆိုတာဘာလဲလို့ အမေးခံရသလိုမျိုးပေါ့။
ငါတို့စိတ်တွေဟာ ကော့တောင်ကျွန်းကလူသတ်မှုမှာ။ဆက်လက်စုံစမ်းနေဆဲငါးလောင်းပြိုင်လူသတ်မှု
မှာ။အပြစ်ပြောရရင်တော့ ဆေးစားပြီးလှုပ်နေတဲ့ ငါတို့ခေါင်းတွေ။အစား။ငါတို့ရဲ့ မမိတမိ ဂီယာဟာ
စပေါ့လိုက်ခ်တွေကြားမှာ။ဆေးလိပ်ငွေ့တွေကြားမှာ။စနစ်တွေနဲ့ဂစ်နေတဲ့ငါတို့။အတွေ့အထိအာရုံ ငါတို့ဗိုက်ထဲက
သန်ကောင်တွေ။အနေအထားအရတော့ ငါးရံ့နှစ်ကောင်လုံးကိုမိနေတယ်။လောလောဆယ် ဒါ ငါတို့ နိုင်ငံရေး။
ဆေးဖက်ဝင်တဲ့ စတုတ္ထမဏ္ဍိုင်ကြီးလည်း ရှိတယ်။နေဝင်စောကြတဲ့ အနုပညာရှင်တွေလည်း
ရှိတယ်။ငါတို့ဟာမက်ဆေ့ခ်ျလေးတခုကိုစောင့်ပြီး။ကမ္ဘာတဘက်ဆီမှာ ပျော်သလိုလို နေနေကြတဲ့။
ခေတ်အကြောထဲက လျှပ်စစ်ပင့်ကူမျှင်တွေလို။ငါတို့ခေါင်းကို ငါတို့ ရော့ခ်ဂီတနဲ့ ရိုက်ခွဲဖို့ ဝန်မလေးဘူး။
တစ်ယောက်ကိုတစ်ယောက် အစာမကြေကြတဲ့ ခပ်ကြောင်ကြောင် ဆရာကဗျာတွေလည်းရှိတယ်။ဟောဟိုမှာ
တိုက်ပေါ်က ခုန်ချဖို့လုပ်နေတဲ့ စိတ်ဝေဒနာရှင်တစ်ယောက်။လူတွေဝိုင်းအုံကြည့်နေကြ။
ကဲ ငါတို့ဘာလုပ်ကြမလဲ။ဆရာတို့ဘာလုပ်ကြမလဲ။ငါတို့ရပ်နေလည်း ကမ္ဘာကြီးကလည်နေတယ်။




0 comments:

Post a Comment