Monday, March 2, 2015

အိပ်တန်းဝေး ဝေး ၊

လင်ကွန်းဘာရိုးကိုကယ်ဖို့ မိုက်ကယ်စကိုးလ်ဖီးလ်ကဖောက်စ်ရေးဗားထောင်ကိုလာခဲ့တယ်၊မင်းကိုကယ်ဖို့ ရှားလမ်းကထောင်ကိုငါမလာနိုင်ခဲ့ဘူး ညီလေး ၊လေယာဉ်မယ်ချောချောလေးရဲ့ ထိုင်ခုံခါးပတ်တွေသေချာပတ်ရန်သတိပေးသံလေးမြည်တာနဲ့ ပြတင်းကလှမ်းကြည့်လိုက်ရင်တစ်မျှော်တစ်ခေါ်ဆီအုန်းစိုက်ခင်းတွေနဲ့ မလေးကျွန်းဆွယ်ကြီးကိုမြင်ရမယ်အဲဒီမှာ မိသားစုကိုအရောင်ထွက်အောင်ပွတ်မယ်စိတ်ကူးနဲ့အဝေးသင်ကျောင်းစရိတ်လေး ညီမလေးကိုထောက်ပံ့မယ်အိပ်မက်နဲ့အဖေ့ ကျန်းမာရေးနဲ့ အမေ့ပန်းနာလေးကို ကယ်မနိုင်မလားအတွေးနဲ့ညီလေးလာခဲ့တယ် ၊ ငါလာခဲ့တယ်ပင်ပန်းသမျှ ထုပ်သိမ်း စိုက်ခင်းစိမ်းစိမ်းတွေအတွက်ညီလေး ချွေးထွက်ခံခဲ့တယ် ၊ အနှိမ်ခံခဲ့တယ် ၊ အငေါက်အငမ်းခံခဲ့တယ်လီကွမ်ယုသမိုင်းကို ငါပြောပြတော့ ညီလေးအံ့သြလို့ဦးသန့်လမ်းအကြောင်း ငါပြောပြတော့ ညီလေးမျက်မှောင်တွေကုတ်လို့ကုတ်ရာခြစ်ရာများတဲ့ ငါတို့ဘဝတွေကိုတွေးရင်းငေးရီညီလေး ဟာ မြန်မာပြည်ဆိုတာကို စာလုံးထိုင်ပေါင်းနေခဲ့တယ်တရားမဝင်ခေါင်းစဉ်အောက်မှာ မင်းလည်းအသက်ရှူ ကြပ်ပြေးဟယ်လွှားဟယ် ပုန်းဟယ်အောင်းဟယ်နဲ့ဒီလိုနက်တဲ့ညတွေဆို ဘယ်ကြယ်တစ်လုံးမှမတောက်ပနိုင်ခဲ့ 
အောက်ဆီဂျင်ငတ်မွတ်လွန်းတဲ့ နေ့ရက်တွေကြားပျော်ရွှင်စရာကို ရွှေလိုကျင်ယူပြီးနေခဲ့ရတာမှတ်မိသေးတယ်............အခုတော့အသိုက်မရောက်ခင် အတောင်ကျိုးပြီပေါ့ညီလေးမင်းအသက်အရွယ်ဟာ မိဘရင်ခွင်မှာ မေတ္တာအနံ့ကိုတစ်ကိုယ်လုံးအနှံ့စိုစွတ်နေရမယ့်အရွယ်အနာဂတ်တွေကို ဗိသုကာအတတ်နဲ့ထုဆစ် ၊ စိတ်ကညှိသမျှကိုယ်ကလောင်နေရမယ့် အရွယ်ပါညီလေးရယ်အခုတော့ လက်ညှိုးကထိုးစရာအရပ်ဒေသမရှိကိုယ့်ကံကိုယ်သာပုံချလို့ အမှောင်ထဲကပဲညီလေးကို 
ချောင်းကြည့်ခဲ့တယ် 
ငါ နင့်နင့်သီးသီးအော်ဆဲချင်တယ်ငါ နာနာကျည်းကျည်းမျက်ရည်ကျတယ်ဘယ်စောက်ရေးမပါတဲ့ မုန်တိုင်းက ဒီနားပဲလာတိုက်နေသလဲဘယ်မာရ်နတ်က ကိုယ်ချင်းမစာ ပေးလိုက်တဲ့ကိန်းဂဏန်းလဲအခုတော့ ၊ ညနေဆို ငါ့မှာ မင်းကိုဖတ်ပြနေကျ ကဗျာစာအုပ်တွေကိုင်လို့စိတ်မချရသေးတဲ့မနက်ဖြန်တွေကို အော်ဆဲနေမိတယ် ညီလေး။။။


0 comments:

Post a Comment