ဆံပင်ရှည်သလို အတွေးပါရှည်ခဲ့တယ်
အရက်သောက်တိုင်းအရက်သမားမဟုတ်ဘူ
လမ်းမအုတ်ခုံကပေါင်းလို့အကောင်း
ဂစ်တာသံဟာရင်ဘတ်ဖြစ်တယ်
အခုထွေးလိုက်တဲ့ကွမ်းသွေးမှာ
ခင်ဗျားပါကောင်းပါနိုင်တယ်
စီးကရက်ခြွေချလိုက်တဲ့
ပြာမီးပေါက်အ၀တ်အထည်ဟာ
အမြတ်နိုးဆုံး ပိုးဖဲ...၊
ဖိနပ်ပါးလေးရှိတယ်
ခါးကြားလိပ်ထားတဲ့အရက်တစ်လုံးဖိ
ခင်ဗျားနားမလည်တဲ့စာအုပ်တစ်ချို
နေပျော်တယ်
သေပျော်တယ်
ဒုက္ခသစ္စာကိုသိတယ်
ကိုယ့်အကြောင်းကိုသိတယ်၊
ခရိုနီကိုသိတယ်
မာသာထရီဇာကိုသိတယ်၊
မာစီးဒီးကားကိုသိတယ်
ငါ့စက်ဘီးအစုတ်ကိုသိတယ်၊
အမျိုးကိုသိတယ်
အရိုးကိုသိတယ်၊
အခုခင်ဗျားမျက်လုံးမှာ အံဝင်ဂွင်ကျမဖြစ်တဲ့
အသားစိုင်ဟာလူငယ်ပဲ
ကိုယ့်အပွင့်ကိုယ်တင်တယ်
ကိုယ့်အပင်ကိုယ်စိမ်းတယ်
ကိုယ့်သွေးနဲ့မို့ကိုယ်ရဲတယ်
မြစ်ပေါ်ဖြတ်ပြေးသွားတဲ့
အလန့်တကြား အတောင်ပံခတ်သံနဲ့အတူ....
အသက်သွင်းသတ္တ၀ါဟာ
ရင်ဘတ်ကို ဖိနပ်လုပ်ပြီးနင်းဖြတ်လာခဲ့တယ်။
Monday, March 2, 2015
လူငယ်
Subscribe to:
Post Comments (Atom)
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web
0 comments:
Post a Comment