မိုးပေါ်ကို ရေသန့်ဗူးကောက်တဲ့ ကောင်လေးတစ်ယောက် ဘောလုံးကို ထောင်ကန်လိုက်တယ်
မြေပြင်ပေါ် ပြန်ကျလာတယ်
အခန်း(၂)
မိုးပေါ်ကို ကောက်စိုက်သမလေး တစ်ယောက် ဘောလုံးကို ထောင်ကန်လိုက်တယ်
မြေပြင် ပေါ် ပြန်ကျလာတယ်
အခန်း(၃)
မိုးပေါ်ကို ကလေးစစ်သားလေး တစ်ယောက် ဘောလုံးကို ထောင်ကန်လိုက်တယ်
မြေပြင်ပေါ် ပြန်ကျလာတယ်
အခန်း(၄)
မိုးပေါ်ကို ပျံကျဈေးသည်မလေးတစ်ယောက် ဘောလုံးကို ထောင်ကန်လိုက်တယ်
မြေပြင်ပေါ် ပြန်ကျလာတယ်
အခန်း(၅)
မိုးပေါ်ကို နေ့စားအလုပ်သမားလေးတစ်ယောက် ဘောလုံးကို ထောင်ကန်လိုက်တယ်
မြေပြင်ပေါ် ပြန်ကျလာတယ်
အခန်း(၆)
မိုးပေါ်ကို သမ္မတကြီးတစ်ယောက် ဘောလုံးကို ထောင်ကန်လိုက်တယ်
ပြန်ကျမလာဘူး ၊ မြေပြင်ပေါ် ပြန်ကျမလာဘူး
နောက်ဆက်တွဲ (၁)
လပေါ်ကို ကျသွားတာ များလား
နိုင်ငံပိုင်ငွေကြေးတွေ သုံးပြီး လပေါ်ကို တက်ပြီးရှာ ၊ မတွေ့ 
စကြ၀ဠာ ဂိုးပိုက်ကြီးထဲ ဝင်သွားတာများလား
နိုင်ငံပိုင် ဘဏ္ဍာတွေနဲ့  စကြ၀ဠာကြီးထဲ ဖြဲရဲရှာ ၊ မတွေ့ 
တစ်လ ၊ နှစ်လ ၊ သုံးလ ၊ လေးလ ၊ ငါးလ ၊
လများစွာကြာသွားတယ် ၊ မတွေ့ 
နောက်ဆက်တွဲ (၂)
မုန်တိုင်းကြီး ကျလာမှပဲ
သစ်ပင်ပေါ်မှာ တင်နေတဲ့ ဘောလုံးဟာ ပြုတ်ကျလာတော့တယ်
0 comments:
Post a Comment