အဲဒီမြို့ထဲ ငါ့ခြေထောက်ကျွံဝင်မိတော့
အဲဒီမြို့ဟာ ငါ့မျက်လုံးထဲပြန်ကျွံဝင်တယ်
အခု ပါရီမြို့ကြီးကိုကော်ဖီဆိုင်ပြတင်းက
တစ်နေကုန် ထိုင်ကြည့်နေသလိုမျိုး
ငါ အဲဒီမြို့ကို အပေါ်စီးက အောက်ကျနောက်ကျ ငေးနေရ ။
လက်ကြားကဆေးလိပ်ကို ရင်ကြားကစိတ်နဲ့ မီးညှိလိုက်တယ်
မြို့ပြကော်ဖီပူပူထဲ ငါ့သိမှုကို ဇွန်းတပ်မွှေလိုက်တယ်။
မြို့ပြဟာ လူထူထူနဲ့ ၊ ကာဗွန်ထူထူနဲ့
မြို့ပြဟာ မီးပွိုင့်နဲ့ ၊ ambulance သံနဲ့
မြို့ပြဟာ CCTV နဲ့ ၊ ခါးပိုက်နှိုက်နဲ့
မြို့ပြဟာ အပန်းဖြေကစားကွင်းနဲ့ ၊ ရန်ပွဲနဲ့
မြို့ပြဟာ စူပါမားကက်နဲ့ ၊ အမှိုက်ကောက်သမားနဲ့
မြို့ပြဟာ ဘီယာစတေရှင်နဲ့ ၊ သူတောင်းစားနဲ့
မြို့ပြဟာ BMW နဲ့ ၊ ဘတ်စ်ကားနဲ့
မြို့ပြဟာ နိုက်ကလပ်နဲ့ ၊ ဘုရားကျောင်းနဲ့
မြို့ပြဟာ ကာစီနိုရုံနဲ့ ၊ အထူးကုဆေးရုံနဲ့
မြို့ပြဟာ ကြယ်ငါးပွင့်ဟိုတယ်နဲ့ ၊ ပလက်ဖောင်းခေါင်းအုန်းနဲ့
မြို့ပြဟာ မိုးပျံရထားနဲ့ ၊ အုတ်ကြားမြက်ပေါက်နဲ့
မြို့ပြဟာ ကန်ထရိုက်တာနဲ့ ၊ လမ်းဘေးဈေးသည်နဲ့
မြို့ပြဟာ ပွဲစားနဲ့ ၊ အလှုခံပုဂ္ဂိုလ်နဲ့
မြို့ပြဟာ အလုပ်ခေါ်ကြော်ငြာနဲ့ ၊ အလုပ်လက်မဲ့နဲ့
မြို့ပြဟာ နေ့စဉ်ဖြစ်ဒုစရိုက်မှုနဲ့ ၊ နေ့စဉ်ထုတ်သတင်းစာနဲ့
မြို့ပြဟာ ........................အဲဒီမြ
အဲဒီမြို့ပြပေါ့
အဲဒီမြို့ပြက ခါထုတ်လိုက်တဲ့ အဓိပ္ပါယ်မှန်သမျှ
ဟောဒီကျောမှာ လာလာစိုက်တယ်
ကိုယ့်အငွေ့အသက်ကလေး ကိုယ်ပြန်ရဖို့
ကိုယ့်ကိုယ်ကို မသေရုံတမယ် ဖွှာဖွှာနေရတဲ့မြို့ပြ
ဘလက်လေဘယ်တွေကြည့်ပြီး
ဘလက်ကော်ဖီလေးတစ်ခွက်သာ မှာမှာသောက်ခဲ့ရတဲ့မြို့ပြ
အရှေ့တောင်အာရှမှာ လျှာအလျားသားနဲ့ အစွယ်/ အဆွယ် ထုတ်ပြထားတဲ့မြို့ပြ
အီကွေတာမျဉ်းကို အဲကွန်းခန်းထဲ ထည့်ကွေးထားတဲ့မြို့ပြ
စိမ်းစိမ်းကားကားအရိပ်တွေနဲ့
ကမ္ဘာမှာ အစိမ်းလန်းဆုံးစာရင်းဝင်ခံထားရတ
စိနတိုင်းသူ ပေါင်တံဖြူဖြူ တွေ
အင်ဒီးယန်းသား မုတ်ဆိတ်ဖွှားဖွှားတွေ အလျော်အစားများတဲ့မြို့ပြ
လာသမျှသွေးကိုစုပ်ပြီး 2020 မှာဆူဖြိုးဖို့ ကြွေးကြော်ထားတဲ့မြို့ပြ
အရှေ့ကိုလျှောက်ပြီး အနောက်ကိုမျှော်နေတဲ့ TOWER မားမားကြီးနဲ့မြို့ပြ
ဂရပ်ဖစ်တီအနားသတ်တွေနဲ့ မြစ်တွေကိုဘောင်ခတ်ထားတဲ့မြိြု့
ဂျလန်းယူသန့်ပေါ် ရွက်မျောတွေတဖျောဖျောကြွေနေတြဲ့
ငါတို့ထမ်းတင်ထားရသလောက် ငါတို့အပေါ်ပိကျနေတဲ့မြို့ပြ
မြို့တွေကို မြိုမြိုပြီး သူ့ကိုယ်သူကိုယ်ယောင်ပြချင်နေတဲ
အဲဒီမြို့ပြ
အဲဒီမြို့ပြပေါ့
အဲဒီမြို့ပြ လမ်းအထပ်ထပ်တွေပေါ် ဟောဒီဝါကျတွေထပ်ခင်းလိုက်တယ်
အဲဒီမြို့ပြ အဆောက်အဉီးမြင့်မြင့်တွေကြား ဟောဒီကဗျာတစ်ပုဒ်တည်ဆောက်လိုက်တ
အဲဒီမြို့ပြဟာ ဟောဒီကဗျာတစ်ပုဒ်ဖြစ်တယ် ။ ။
Monday, March 2, 2015
မြို့ပြဝါကျများ
Subscribe to:
Post Comments (Atom)
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web
0 comments:
Post a Comment