စိတ်တွင်းပေါက်ထဲ ချော်ကျတယ်။ သီဆိုနေဆဲယုံကြည်ချက်တွေနဲ့ အဆက်အသွယ်ပြတ်တောက်လို့။
သင်းကွပ်ခံလူငယ်ဘ၀ပဲ။ ကိုယ့်အသံမှာ ကိုယ့်သဏ္ဍာန်ဟာ ငေါငေါကြီး ချွန်ထွက်နေ။
နေရင်းထိုင်ရင်း ပေါက်ပြဲနေရတဲ့အထဲ နေရင်းထိုင်ရင်း ဖိတ်စင်ရပြန်တယ်။
အဓိပ္ပာယ်ကင်းမဲ့မှုသစ်ကိုင်းပေါ် ဘာမှအစိုးမရခြင်းငှက်တစ်ကောင်နာ
လိုအပ်မယ်ထင်လို့ ကိုယ့်ကိုယ်ကို မဓာတ်နဲ့ ပြန်ညှိကြည့်မိတယ်
လိုအပ်မယ်ထင်လို့ ကိုယ့်ကိုယ်ကို ချောက်ကမ်းပါးထဲက ဆွဲတင်ကြည့်မိတယ်
စိတ်နဲ့ပစ်ချထားတဲ့ကြယ်တွေကို စားပွဲပေါ် အခွံချည်းသက်သက် ပစ်တင်ထားလိုက်
ရှင်သန်မှုဟာ နတ်ကြီးတယ် တရားကို ငွေစောင့်တယ်
အသံတွေ ပိုကျယ်လာတယ် အဆံတွေ ပိုချောင်လာတယ်
လက်ချောင်းထိပ်ဖျားလေးတွေကနေ သွေးတွေ ငေါက်တောက်ပန်းထွက်နေသလိုပဲ
ယားယံနေတဲ့အရေပြားကို ယားယံနေတဲ့စိတ်က ဆတ်ခနဲ ကိုက်ဆွဲယမ်းခါနေသလိုပဲ
ဘယ်လိုသံသယဆန်တဲ့နာမ၀ိသေသနတွေ သုံးပြီး လူ့အဖြစ်ကို လှုပ်သောက်ရမလဲ
ရထားကို သံလမ်းပေါ် ပစ်တင်ပေးလိုက်ရုံနဲ့ ဒီခန္ဓာဟာ သံသရာရှိတဲ့အရပ်ဆီ ရုန်းကြွ...။
အတွေးကို စီးကရက်လို မီးညှိမိတော့ အရသာဟာ စီးကရက်ပြာလိုပဲ တောက်ချခံလိုက်ရပါတယ်။
စိုက်ဝင်နေတဲ့ဒဏ်ရာကို ဆွဲနှုတ်ဖို့ နောက်ထပ်ဒဏ်ရာတစ်ခုနဲ့ သပ်လျှိုထားရ။
အဲဒီလို ယတိပြတ်ဖြတ်ချခံလိုက်ရတဲ့ ညနေစွန် စုတ်ပြဲ။ မျက်ရည်တွေနဲ့သာ ရင့်ရော်စပြုလာတဲ့စံပယ်။
လိုအပ်ရင် သွေးအေးရမှန်း သိတယ်လူငယ်
လိုအပ်ရင် လက်ယဉ်ရမှန်းလည်း သိတယ်လူငယ်
အသိတရားနဲ့ ပြာနှမ်းချောက်ချားတတ်ဖို့လည်း သိတာပဲလူငယ်
သူတို့ဘက်က တစ်ယောက်က သမ္မတဖြစ်ခွင့်မရှိတော့ရင်လည်း
ငါတို့ဘက်က တစ်ယောက်က အမြဲတမ်း ပိုင်စိုးဝေနေမှာပဲ
သူတို့ဘက်က တစ်ယောက်က လွှတ်တော်ဥက္ကဌဖြစ်ခွင့်မရှိတော့ရ
ငါတို့ဘက်က တစ်ယောက်က အမြဲတမ်း မောင်ချောနွယ်နေဦးမှာပဲ
တစ်သက်လုံးလောင်နေတဲ့မီးကို အဲဒီအတွေးနဲ့သာ ငြှိမ်းသတ်ခဲ့ပါတယ်
ထိစမ်းကိုင်တွယ်လို့မရတဲ့ကြိုးက
ငါလည်း အမှန်တရားနဲ့ အလိုတူအလိုပါ ကွပ်မျက်ခံခဲ့ရပါတယ်
လက်ပံတွေကလည်း ဘယ်တော့မှ သွေးမတိတ်တော့မယ့်အတိုင်း ဖူးလို့
ဒီမှာ . . . မြင်အောင်သာ တည်ကြည့် တည့်လည်း ကြည့်လိုက်စမ်းပါ
ဗင်းဆင့်ဘ၀ထဲ အ၀ါတွေ ရွာချပေးခဲ့တာ ငါပေါ့ကွာ
Monday, March 2, 2015
ဒီလိုပါ ဟိုလိုပါ ဒီလိုလို ဟိုလိုလိုပါ စိတ်ထဲထိ ဆတ်ဆတ်ခါအောင် စူးကြည့်တာပါ
Subscribe to:
Post Comments (Atom)
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web
0 comments:
Post a Comment