Sunday, March 1, 2015

မီးပုံးပျံ

အဲဒီမီးပုံးပျံကြီးက သူ့အပေါ်တည့်တည့်
ပျက်ကျလာလိမ့်မယ်လို့ မတွေးမိခဲ့ဘူး


အခု သူတွေးပြီ
နောက်ကျ ဥာဏ်အလင်းပွင့်လေးနဲ့ သူတွေးပြီ


လက်ခုပ်သံတွေဟာ အချိန်မရွေးပျက်ကျသွားနိုင်တယ်လို့ သူတွေးပြီ
ရယ်သံလွင်လွင်တွေဟာ အချိန်မရွေးပျက်ကျသွားနိုင်တယ်လ
ို့ သူတွေးပြီ
လွတ်လပ်ခြင်းတွေဟာ အချိန်မရွေးပျက်ကျသွားနိုင်တယ်လ
ို့ သူတွေးပြီ
ပျော်ရွှင်ခြင်းတွေဟာ အချိန်မရွေးပျက်ကျသွားနိုင်တယ်လ
ို့ သူတွေးပြီ
ငြိမ်းချမ်းရေးဟာ အချိန်မရွေးမရွေးပျက်ကျသွားနိုင
်တယ်လို့ သူတွေးပြီ
ယုံကြည်ချက်တွေဟာ အချိန်မရွေးပျက်ကျသွားနိုင်တယ်လ
ို့ သူတွေးပြီ
အမှန်တရားလို့ ထင်ရတဲ့အရာတွေအားလုံး အချိန်မရွေးပျက်ကျသွားနိုင်တယ်လ
ို့ သူတွေးပြီ

သူဆက်တွေးတယ်
မအောင်မြင်တဲ့ မီးပုံးပျံကြီးဟာ အယူဝါဒ တစ်ခုလား
မအောင်မြင်တဲ့ မီးပုံးပျံကြီးဟာ အဖွဲ့အစည်း တစ်ခုလား
မအောင်မြင်တဲ့ မီးပုံပျံကြီးဟာ ပါတီတစ်ခုလား
မအောင်မြင်တဲ့ မီးပုံးပျံကြီးဟာ အစိုးရတစ်ခုလား
မအောင်မြင်တဲ့ မီးပုံးပျံကြီးဟာ နိုင်ငံတစ်ခုလား


မတွေးရဲဘူး
မီးစားသွားတဲ့ အရေပြားတွေ
မီးစားသွားတဲ့ ဘဝတွေ 





0 comments:

Post a Comment