ဘ၀က အမြှုပ်တစီစီပွက်ထနေတဲ့တပ်မက်ဖွ
လက်မောင်းသွေးတစ်ခွက်ထဲ မျက်ရည်တစ်ပက်ပေါက်ထားတယ်
လက်ရှိအနေအထားကို လက်ရှိအနေအထားအတိုင်း စားပွဲပေါ်တင်ထားတယ်
သမိုင်းကို မဖိတ်စင်အောင် တစ်ယောက်တည်း စီးဆင်းသွားဖို့မလွယ်ဘူး
အနာဂတ်ကို သားမလျှောအောင် တစ်ယောက်တည်း တွေးခေါ်ရတာလည်း မလွယ်ဘူး
ဘယ်နေရာမှာမဆို ဆိုက်ကားသမားသမားတွေက တစ်စိတ်တည်းတစ်ဥာဏ်တည်း
အဲဒီတော့ ကျွန်တော်တို့လည်း တစ်စိတ်တည်းတစ်ဝမ်းတည်းပဲပေါ့
နေ့ရက်တိုင်းဟာ သံဆူးကြိုးနဲ့မလွတ် သိုက်ဆရာတွေကို ပလ္လင်ပေါ် ခေါ်တင်လာမိတယ်
သားသတ်ရုံနဲ့ခပ်ဆင်ဆင်တူတဲ့ရှုမေ
ငရဲကိုပုံတူကူးထားတဲ့သံခင်းတမန်
နာကျင်လွန်းလို့ ငိုကြွေးမြည်တမ်းနေသူတွေကို မနားတမ်းဆက်ရိုက်တယ်
ဆာလောင်လွန်းလို့ အော်ဟစ်တောင်းခံနေသူတွေကို ဘာမှမပေးဘဲ အရှင်လတ်လတ်စားပစ်တယ်
လူ့အဖြစ်တည့်တည့်ပေါ် ဘယ်လိုသွေးဆာမှုတွေ ချိန်ရွယ်မောင်းဖြုတ်ဦးမလဲ
အချိန်တန်ခဲ့တာ ကြာပြီ တကယ့်အိမ်အစစ်က ပြန်မလာသေးဘူးလား
အခု ကျွန်တော်တို့မြင်နေရတဲ့အလင်းရေ
အခု ကျွန်တော်တို့မမြင်နိုင်တဲ့အန္တရ
အဝေးဆုံးခရီးတွေကို အနီးဆုံးသွေးနဲ့ လျှောက်ခဲ့ကြတယ်အတူတူ
ဘယ်လောက်ပဲပစ်ခတ်ပစ်ခတ် . . . ကျွန်တော်တို့ ယုံကြည်ချက်က
ကျည်ဆံတွေကို အသက်နှုတ်ယူနေဦးမှာပဲမဟုတ်လားကိ
Monday, March 2, 2015
ခေတ်တစ်ခုလုံးကို တစ်ယောက်တည်း သောက်ပစ်လိုက်ရမှာ အားနာလို့ ခင်ဗျား အမြန်ဆုံးလာပါကိုအဂ္ဂ
Subscribe to:
Post Comments (Atom)
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web
0 comments:
Post a Comment