ကံဇာတ်ဆရာက ကတ်ဆက်ကို အကျယ်ကြီးဖွင့်နေသည်။
'ဟဲလို အမေ နေကောင်းလား၊ သား ဒီလ အိုတီမကောင်းလို့ အဲဒါ '
လေကြမ်းတိုက်နေသည်။ ညောင်ရွက်တွေ တဖွဲဖွဲကြွေနေသည်။
ညောင်ကိုင်းတွေ တစ်ကိုင်းနဲ့ တစ်ကိုင်း တဖြောင်းဖြောင်းရိုက်နေသည်။
ညောင်မြစ်တွေရော ပုတ်သင်ဥတွေရော ပေါ်ကုန်သည်။
'စာဥရယ် နင် မလေးရှားသွားတာတောင် ၃ နှစ်ရှိပြီ ငါ့ဆီ စာလေးတစ်စောင်တောင် မရေးဘူး'
လေကြမ်းက အလစ်ဝင်ဝင်တိုက်သည်။ မလေးရှားပိတောက်ပင်ပေါ်က
စာသိုက်တွေ ပြုတ်ကျသွားသည်။ စာဥတွေ ကွဲကုန်သည်။
'ငါ နွားမဟုတ်ဘူး ဝိုင်းစိန်၊ ဒါပေမယ့် ငါ ငါ နွားလုပ်ပါရစေ
နင့်အရှက်နဲ့ အသက်အတွက် ငါ နွားလုပ်ပါရစေ'
တစ်ခါတရံ၌ ချစ်ခြင်းမေတ္တာသည် နွားအုပ်ပျောက်နေသော နွားကျောင်းသားကဲ့သို့။
နွားတွေရော လူတွေရော ယိုးဒယားသို့ ဒလဟော စီးဝင်နေသည်။
'ကိုရင်ရယ် လှည်းကို ဖြည်းဖြည်းမောင်းပါ တကတည်း
ရှင့်လှည်းကြီးစီးရတာ ဖင်တွေရင်တွေကို အောင့်နေတာပဲ'
'တတိယလှိုင်းဆိုတာ ဟော့ဒီ ဖုန်လုံးကြီးတွေပေါ့ မမိုး
ဟော ဟိုက ရိုးပြတ်တောကြီးက အသိမ်းခံထားရတဲ့ လယ်မြေတွေပေါ့
တွေ့ လား ဟိုမှာ မုန့်စိမ်းပေါင်းတုံးလို အလှီးခံထားရတဲ့ တောင်ကြီးလေ'
ဆွမ်းတော်ချက်ရန် ထတော်မူပါ့ ဘွန္တော သပ္ပုရိသအပေါင်း သူတော်ကောင်းတို့ 
အော်အီးအီးအွတ် ။ မနှစ်က ပန်းတောင်ကိုင်မလေးသည် ယခု
ခြင်္သေ့တစ်ပိုင်းငါးတစ်ပိုင်းကျွ
'ငါ အခု ရွာပြင်က ရေနံပိုက်လိုင်းကြီးပေါ်မှာထိုင်
ဒီပိုက်လိုင်းကြီးအတိုင်း လိုက်လာခဲ့ရင် နင်နဲ့ တွေ့ရမှာလား ကြာညို'
နေလည်းညိုပြီ။ ရေလည်းခြောက် ကြာလည်း ပျောက်ပြီ။
'နင့်အဖေ မဟုတ်မခံလူရိုးတုံးတိုက်ကြီးကို
ညနေခင်းကြီးတစ်ခုလုံး မျက်ရည်တွေနဲ့ ပြည့်သွားသည်။
ကျေးလက်သည် မောင်းကျောက်မှန်ထားသည့် ကြက်ကဲ့သို့။
ရွာရိုးကို ဘယ်သူတွေ ရိုင်းလိုက်ကြသလဲ။
ရွာအရိုးကို ဘယ်သူတွေ ကိုက်နေကြသလဲ။
Sunday, March 1, 2015
ရွာရိုး
Subscribe to:
Post Comments (Atom)
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web
0 comments:
Post a Comment