သူ့မျက်လုံးထဲ အလျှံတညီးညီးပွင့်နေတဲ့နေရောင်
မီးလိုကျွက်ကျွက်ဆူနေတဲ့အရေပြားပေါ်
ချွေးစက်ကိုရွှဲရွှဲစိုအောင်ဆမ်းပြီး လောကဓံကိုအံတုထားတယ်
ဟောင်းလောင်းပွင့်ထွက်နေတဲ့အစာအိမ်ဟာ လည်မျိုကိုဖြဲနင်းပြီး
ပက်ကြားအက်နေတဲ့ သူ့နူတ်ခမ်းပေါ် အရိုးတစ်ချောင်းလိုငေါထွက်လာတယ်
ခုတ်လှဲခံထားရတဲ့စိတ်ကို ခေတ်ပျက်ကြီးထဲကျွတ်ကျန်ရစ်ခဲ့တဲ့
ခါးဆစ်ရိုးပေါ် တွန်းရွှေ့ထားပုံရတယ်
တစ်ချက်ကလေးမှ သူ မညည်းဘူး
ကျွန်တော့်အိတ်ကပ်ထဲက အစောတလျင်ခုန်ထွက်သွားတဲ့ ၅၀၀ ကျပ်တန်လေးကို
မြေဆွေးရောင်လက်နှစ်ဖက်နဲ့ အသက်ဇီဝလို သာသာဖွဖွဆုပ်ကိုင်တယ်
ပြီးတော့ .....
" သံသရာအဆက်ဆက်မှာ မင်းဆိုးမင်းညစ်နဲ့ ကင်းလွတ်နိုင်ပါစေကွယ် " တဲ့
ရိရွဲနေတဲ့အမှိုက်ပုံထဲကတိုးထွက်လာတဲ့ အနံ့အသက်နဲ့ သူ့အသံမှာ
ကျွန်တော့်စိတ်ဟာ တစ်ဘဝစာ မီးကျွမ်းသွားခဲ့တယ်။
Tuesday, March 3, 2015
သားကောင်
Subscribe to:
Post Comments (Atom)
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web
0 comments:
Post a Comment