မွန်းကြပ်လိုက်တာ.. ဆိုပြီး နှစ်နှစ်ကာကာအော်..
ကိုယ့်ကိုကိုယ် ခေါက်ကုလားထိုင်တစ်လုံးလို ခေါက်သိမ်းပစ်လိုက်ချင်တယ်
အဲဒီရက်စွဲတွေက ငါ့ရဲ့သေကောင်ပေါင်းလဲရက်တွေပါပ
တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်းမေတ္တာအကြောင်း ပြောပြရုံကလွဲလို့
ပြစ်မှားမိတာဆိုတာမျိုးဟာ ငါတို့မှာ အပ်ဖျားတစ်ထောက်စာလောက်ပဲ ရှိခဲ့မှာပါ
နင့်လက်သူကြွယ်ပေါ်မှာ ငါ့နာမည်ကို ရေးတဲ့အခါ
နင်က ခေါင်းကိုငုံ့ထားရင်း တိတ်တိတ်လေး ပြုံးနေခဲ့ဖူးတယ်
တစ်ယောက်က တစ်ယောက်ကို လိုအပ်လာတဲ့အခါ
လက်ချင်းတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း နှစ်သိမ့်ခဲ့ကြတယ်
ရိုးရိုးရှင်းရှင်းဇာတ်လမ်းထဲ ရိုးရိုးလေးချစ်ခဲ့ကြရုံလောက်ပါ
ငါနဲ့ အလိုလိုနေရင်း ဝေးသွားတဲ့အခါ
နင့်ဆံပင်တွေ အချိန်မှန်မှန်ဖြီးပါ
တခြားလူရဲ့ လက်ဖျံတွေမှာ ဘောပန်နဲ့လျှောက်ခြစ်တဲ့ အကျင့်ကို ဖျောက်ပစ်ပါ
နင့်ချစ်သူဆိုတဲ့ကောင်နဲ့ တွဲသွားတဲ့အခါ ငါပြောပြဖူးတဲ့ အချစ်ကဗျာတွေအကြောင်း
ပြန်မပြောပါနဲ့ကွယ်...
နင်ဖတ်ခဲ့ဖူးတဲ့ ကဗျာတွေဟာ ငါ့နာမည်ပါပဲ
လူ့ကျင့်ဝတ်ကို ငါတို့က ခါးဝတ်ပုဆိုးလို မြဲခဲ့ပါတယ်ကွယ်
အခုတော့..
တစ်ယောက်နဲ့ တစ်ယောက် ရိုးတိုးရိပ်တိတ်လေး မေ့ဖျောက်လို့
နင်က အိပ်ယာဆိုတဲ့ စကားလုံးထက်မှာ ငါမသိတဲ့ နင့်ချစ်သူနဲ့
ငါက တီးလိုက်တိုင်း ချစ်ခြင်းမေတ္တာလို့ ထွက်လာတဲ့
အသံကြောင် ဂစ်တာတစ်လုံးကို ဖက်တွယ်လို့
ဒီလိုနဲ့ပဲ ငါတို့ဟာ...
တိတ် တိတ် ဆိတ် ဆိတ် လေး..
ဝေး...လို့..။
Monday, March 2, 2015
ဇာတ်
Posted by
Unknown
at
3:24 AM
Labels: ကျော်ဦးလှိုင်
Subscribe to:
Post Comments (Atom)
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web
0 comments:
Post a Comment