Monday, March 2, 2015

ရုပ်ရှင်

အဖြူထည်သက်သက်ပေါ်
အရိပ်တွေ စိုက်ဝင်ပုံ
အရောင်တွေ စီးကျပုံ
ခေတ်အကြိုက် အဖော်အချွတ်ညကို
လကွေးကွေးပေါ် မလုံမခြုံခွေတင်ထားတယ်
ဇာတ်ညွှန်းထဲ ကြယ်တွေစကားပြောခန်းမပါဘူး
မျက်ရည်ကျအောင်ရယ်ရတဲ့ဗီလိန်တွေ
တိုးတိုးကြေကွဲပြလိုက်
ကျယ်ကျယ်ပေါက်ကွဲပြလိုက်

လွမ်း
လွမ်းစရာ့နောက်ခံတေးတွေနဲ့
အာရုံရဲ့ဖြတ်သွားဖြတ်လာအလင်းအမှောင်
ဗလာရင်ဘတ်တွေဗလောင်ဆူဝေနေကြ
အရောင်ထွက်တဲ့အရိပ်တွေနဲ့
ခေတ်ကြီးတစ်ခုလုံးပိတ်ကားပေါ်မှာ။ ။



0 comments:

Post a Comment