Monday, March 2, 2015

ကဗျာဆရာနာမည်နဲ့ သစ်ပင်

သူက
သူ့ အရိပ်လောက်
ဘယ်အခါမှမအေးဘူး
သူ့ ခေါင်းပေါ်ဆောင်းထားတဲ့ အိုဇုန်းဟာ
သူ့ ရင်ဘတ်လိုတိတ်တိတ် ပွင့်လို့ 
ခရမ်းလွန်ဒုက္ခတွေတဖွဲဖွဲ စိုက်တယ်
စုပ်ယူမှုများများ
ထုတ်လွှတ်မှုနည်းနည်း
အပူတွေခဲနေတဲ့စိတ်က
(မိုးထဲရေထဲတောင်)
တဖျတ်ဖျတ်ကြွေတယ်
လောကဓံက
သူ့ ကိုပစ်မှတ်ထားပြီး
ကလေးတစ်ယောက်လို ဓါးပေါက်ကျင့်တယ်
လောကထောင့်ချိုးလမ်းကေလးထဲက
ထောင့်မကျိုးတဲ့လူငယ်တစ်ယောက်
တစ်ထောင့်တစ်နေရာက
ကမ္ဘာကြီးအတွက်
အသားမာတက်ပေးချင်ရုံသက်သက်ပါပဲ
ဒဏ်ချက်တွေကြားက
နှလုံးသားမှာသစ္စာတရားတွေ သီးပွင့်တယ်  ။ 




0 comments:

Post a Comment