Sunday, March 1, 2015

ခင်ဗျားမှာ အိပ်မက်ရှိလား

လယ်ကြွက်တစ်ကောင်မှာတောင် အိပ်မက်ရှိတယ်
လယ်ကြွက်တစ်ကောင်ရဲ့အိပ်မက်ဟာ လုံးကြီးပေါက်လှ စပါးခင်းကြီးဖြစ်တယ်
လယ်ကြွက်တစ်ကောင်ရဲ့ အိပ်မက်ဟာ လုံးကြီးပေါက်လှ စပါးခင်းကြီးလို အစွမ်းကုန် စိမ်းလန်း
လုံးကြီးပေါက်လှ စပါးခင်းကြီးဟာ လယ်ကြွက်တစ်ကောင်ရဲ့ နိဗ္ဗာန်ဘုံ
လယ်ကြွက်ဟာ နိဗ္ဗာန်ဘုံ ကို မျှော်မှန်းပြီး ရှင်သန်တယ်
လယ်ကြွက်ဟာ နိဗ္ဗာန်ဘုံ ကို ရည်စူးပြီး သွားတွေကို သွေးတယ်
အိပ်မက်တို့ ရွှေရည်လူးလေပြီ

ရွှေဝါရောင် လုံးကြီးပေါက်လှ စပါးခင်းကြီးထဲမှာ လယ်ကြွက်ဟာ ပျော်ရွှင်စွာ
လယ်ကြွက်ဟာ နိဗ္ဗာန်ဘုံဆီ ရောက်သွား
ထက်မြက်တဲ့ သွားတွေနဲ့ နိဗ္ဗာန်ဘုံကို ကိုက်ဖြတ်စားသောက်
ရုတ်တရက် လယ်ကြွက်ရဲ့ ခြေထောက်တွေဟာ ထောင်ချောက်ထဲ
နွားကျောင်းသားလေးဟာ လယ်ကြွက်တွေကို ရောင်းပြီး ကျောင်းစရိတ် စုနေတယ်
နွားကျောင်းသားလေးဆီမှာလည်း အိပ်မက်အကြီးကြီး




0 comments:

Post a Comment