ဘုရားသခင်ကောင်းချီးပေးဖို့မေ့လျှော့မှုမှာ သူပါတယ်
အရာရာကပြတင်းပေါက်ကျဉ်းလေးထဲကို မချိမဆန့်ဝင်လာတဲ့ မီးလျှံတွေ
လက်တံမှားတာပါ ..
သိပ်ပြသနာမရှိဘူးဆိုပေမယ့် ဘာနဲ့ပြန်ပေးမှရနိုင်တော့မှာလဲ နှင်းရ
ဒီလို ရှူရှိုက်စရာမဲ့တဲ့အောက်ဆီဂျင်ဘူးကို
သစ်ရွက်ခြောက်များ ကြွေပြီ
အ၀တ်မပါမိုးရေစက်တွေက အ၀တ်ပါတဲ့လူတစ်ယောက်ရဲ့ကိုယ်ထည်ကိုစိမ့်ဝင်
အတွင်းသားနက်နက်တွေ တူးဆွခံရ
သံလမ်းပေါ်မှရထားဟာ ခြေချော်ခဲ့ ၊ ဖျက်ရာမပါတဲ့ဆောင်းကို လိုချင်ခဲ့ပါတယ်
အဲ့ဒီအတွက်...........
အစ္စရေးကစစ်ပွဲထဲမှာရောက်နေသူလို အပြစ်မဲ့ဒဏ်ရာရခဲ့
(ဆူးခက်များ) ငှက်များတေးမသီနိုင်တော့ပါ
၊အခန်းဟာ၊ ၊
ကာဗွန်အပြည့်နဲ့ လူလားမြောက်ခဲ့ရ ကုန်လွန်သွားတဲ့ နေ့စွဲ တစ်ချို့မှာ
ရယ်မောသံများစွန်းထင်းခဲ့ ဆွံ့အသူရဲ့စကားဟာ မျက်လုံးချင်းကြားခဲ့ရပါတယ်
ဝတ်ဆင်ပါတော့ အဖြူ ၊
အပြာရောင်ဟာဝေးခဲ့ပြီပဲ
သတင်းစာလေးရအောင်ရှာဖတ်ခဲ့တယ်
ဆုမွန်ကောင်း တောင်းမနေတော့ဘူး ။
ဟိုဝေးဝေးမှာလွင့်လာတဲ့ တိမ်တွေနဲ့ ညင်ညင်သာသာလေးကျလာမယ်ယုံတယ် ....
ခပ်တိုးတိုးပဲ အော်တော့မယ်.......................... နှင်း...၊
အသံတိတ် အော်ဟစ်မိတဲ့ ကြိုးတစ်ချောင်း ၊ ပြတ်ရှ
စူးနစ်နေတဲ့ အထီးကျန်မှုပါပဲ
ြ ဖစ်ပြီးပျက် --ပျက်ပြီးရင်ရော ဘာပြန်ဖြစ်မလဲနှင်း
၊ ပြီးသွားတဲ့ ရုပ်ရှင်ကိုပြန်ကြည့်ချင်တယ် ၊
အဆုံးရောက်သွားတဲ့လမ်းဟာ အစကိုပြန်သွားဖို့ ခက်ခဲ
နာရီတွေရဲ့ရက်စက်မှု
နေ့တွေရဲ့သူစိမ်းဆန်မှုမှာ
ကဗျာတစ်ပုဒ်ဟာအလူးအလဲ သွေးသံရဲနေခဲ့
အငွေ့တွေလိုပါးလျလွင့်မျောနေတဲ့ မျှော်လင့်ခြင်း
မျက်လုံးကိုအလိုမတူပဲ ပိတ်ပေးခဲ့ပါတယ် ။ နှင်း ၊ ။
Monday, March 2, 2015
အနက်ရောင်များနေတဲ့ စုတ်ချက်တွေ
Subscribe to:
Post Comments (Atom)
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web
0 comments:
Post a Comment