ရေထဲ ဥက္ကာပျံထိုးကျသလို ၊ ကွန်ကရစ်လမ်းပေါ် ဖန်ခွက်တွေစိပ်မြွှာသွားသလို
ရိုးသားမှုတွေ အပိုင်းအစစီ အုတ်အော်သောင်းနင်းဖြစ်ကုန်တယ်
စီမံကိန်း ၊စီမံချက်ဆိုတာနဲ့ ဘိုးဘွားပိုင်အမွေကိုရေစက်ချလိ
မတရားသောကျူးကျော်မှုကိုသိရက်နဲ
ဖွင့်ထားတဲ့ စီးပွားရေးကွန်ယက်ထဲမှာ ခွေးကအသ
အရင်းလေးတော့ ဘယ်သြူုဖစ်ဖြစ်ပြန်လိုချင်တယ် ၊ လိုချင်တာမရရင် တိုက်ယူ ၊ သူတို့တိုက်ယူသွားတာ
လယ်တီပါပါသွားတယ် ၊ ပါသွားတာက ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ့်မိရိုးဖလာ ကိုယ့်မြေသြဇာ
ဘယ်သူ့သြဇာနဲ့မှ မပေးနိုင်ဘူး ၊ မပေးနိုင်လို့ ရပ်နေရတာရွတ်နေရတာ
ရှူလိုက်ရင်အဆုပ်ထဲဝင်လာတဲ့လေက အလင်းရောင်မပါဘူး ၊တစ်နယ်လုံးက ယောင်ကိုင်းနေပြီ
ခါးကိုင်းအောင်ရှာနေရတဲ့ တောင်သူလယ်သမား ၊ သမားကြောင့်ထပ်ပြီး မျက်ဖြူလည်းမဆိုက်ချင်ဘူး၊
အကုသိုလ်ဆိုက်လာတာက ရိုးပြတ်တောကနေ ရွာထဲအထိ ၊ရေဒီယိုက မင်္ဂလာပါလည်းဓာတ်ခဲအားကုန်နေ ၊
အားကုန်နေလို့ အားကိုးတကြီးကြည့်မိတော့ တစ်ပိုဒ်ပဲအသံထွက်ပြီး ခွေထစ်ေ
မိ ဘ ပြည် သူ ၊ များ ခင် ဗျားးးးး
မသန့်ရှင်းတဲ့ စေတနာယင်နားစာတစ်ဝိုင်းကြီးနဲ့
အပူတွေပဲ ကိုယ်ဝန်ဆောင်ထားရတယ် ၊ ကိုးလလွယ်ပြီး ဆယ်လဖွားသမျှလည်း
သံတိုင်တွေနောက်မှာ ၊ ကြိုးကိုင်နေတာတွေကနောက်မှာ ၊မမြင်ရတဲ့ အကွက်တွေလည်းနောက်မှာ။
အနောက်ကနေအရှေ့ထိ ၊ မြစ်ချောင်းအင်းအိုင်ကနေ တောင်
ရန်သူမျိုးငါးပါး ဟာ အင်အားအပြည့်နဲ့ တိုက်စား ၊ စာသင်ကျောင်းက အသံလေးတွေမလွင့်နိုင်တော့၊
သစ်ပင်က ငှက်တွေလည်းမပျံနိုင်တော့ ၊ တိုက်လာတဲ့လေမှာ ရွှံနံ့သင်းသင်းလေးဟာ တစ်ဝက်တစ်ပျက်
ကျေးလက်ဂီတဟာ အခုထိဖျားနာနေ ၊လက်ပတောင်းရဲ့ အာရုဏ်ဦးအပျိုစင်ဟာ အလိုမတူပဲဖျက်ဆီးခံလိုက်ရတယ်
အုန်းမောင်းခေါက်သံနဲ့ ဒေသနာတော
အနာခံရမလဲ ၊ အသာလည်းမစံချင်ပါဘူး ၊ စားဝတ်နေရေးလေး အိမ်ပြန်လာရင်ပဲကျေနပ်ပါပြီ ၊
ရိုးသားမှုဟာ ဆုံးရှုံးဖို့သက်သက်လား ၊ ဖိနှိပ်ခံဘဝက ကျွတ်ချင်ရဲ့ အမြန်ဆုံးလွတ်ချင်ရဲ့
ဆုတောင်းသံကို လောကပါလနတ်တွေကမကြားဘူး ၊အားလုံးကြားကြားသမျှ တိုင်တည် ၊
တင်းထားတဲ့စိတ်နဲ့ မနက်ဖြန်ကို ပန်းချီထဆွဲမိတော့ ၊
စခန်းထဲ သင်္ကန်းတွေမီးစွဲကုန်တယ်။
Monday, March 2, 2015
တောင်း ၊ တောင်း တောင်း လက်ပတောင်း
Subscribe to:
Post Comments (Atom)
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web
0 comments:
Post a Comment