နှင်းဆီလို ဆူးလည်းမပါဘူး။ စံပယ် ၊ပန်းပွင့်ကိုထောင်ချတာတောင်
ရနံ့ကထွက်လာတယ် ၊ သတ်ခဲ့ပြီ သေခဲ့ပြီ ၊လမ်းအဟောင်းတွေ မလျှောက်တော့ဘူး။
လမ်းအသစ်ဖောက်တယ် ၊ လမ်းပါပဲ၊ အဲ့လမ်းပေါ် ရင်ကော့ပြီး ဂီယာကုန် လီဗာကုန်
ဘယ်သူဝင်တိုက်ရဲလဲ ၊ နံရံများပြိုကျခဲ့ ၊ သူ့ဂစ်တာကို တစ်ပုဒ်ပဲတီးတာပါ
၊ကောဒ့်မမှားဘူး အသံထွက်မှန်တယ် ၊ ဘာလို့ ရိုက်ချိုးခံနေရလဲ ၊ မိုးမလုံ
လေမလုံ
ပွင့်ချင်ရင် မြေသြဇာကောင်းရတယ် ၊ နာမည်တွေ ရေးရတာ မလွယ်ဘူး ၊ မရေးတတ်ရင်
အစထွက်မယ် ၊စင်ထွက်မယ် ၊အပုပ်နံ့ထွက်မယ် ။ပွင့်တယ် ၊ စံပယ် ပွင့်တယ် ဘာလို့
အမြစ်ဖြတ်လဲ ၊ ဒီရက်ပိုင်းကြည့်ရတာအမြင်မကြည်ဘ
မျက်လုံးထဲ လာစိုက်နေတယ်...ကြီးကြီးကျယ်ကျယ
သိက္ခာလုံအောင် မှန်ကြည့်သင့်တယ် ၊ မဝင်းမော်ဦးရေ
....ဒေါင်းလေးပျံနိုင်ပြီ
၊ ကောင်းကင်တိုက်ပွဲထဲဝင်ဖို့ ဒေါင်းလေးပြန်လာပြီ
၊ ပျံလာပြီ ၊ပဲ့ထွက်ခဲ့တဲ့ နေ့တွေအတွက် ပြန်လာပြီ ၊ သံတိုင်တွေက
သူရဲကောင်းကိုမထိန်းချုပ်နိုင်ဘ
အသေနံ့တွေက မွှေးကြူဆဲပါ ၊ မျက်နှာဖုံးတွေဆွဲချွတ်ကြမယ် ၊ ရေမွှေးဆွတ်ထားတဲ့
စကားလုံးတွေကို အသက်အောင့်ထားမယ် ၊ အတူတူပေါ့
တိုက်ပွဲကကြာခဲ့ပြီပဲ ၊ အခုအသက်ရှူ ရတာ မလွတ်လပ်သရွေ့ ၊ ကျောသပ် ခေါင်းသပ်ထားတဲ့ လက်ကိုပုတ်ထုတ်ကြမယ်၊ ဟဲလို။။။
မိဘပြည်သူများခင်ဗျား ဒီမိုကရေစီ အသစ်ကြီးနဲ့
လေဖြတ်နေတဲ့ နိုင်ငံအတွက် ၊ စာသားများကိုဖတ်ပါ ၊ သွေးညစ်နေရင်အသစ်လဲပါ၊
မျက်လုံးများဖွင့်ပါ ၊ စံပယ်နံ့က စာသားတွေမှာ စိမ်းစိုနေပါတယ်။
စာသားနား သိပ်မကပ်ပါနဲ့ ။။သတိ။။။
ဗို့အား ၁၅၀၀။
Monday, March 2, 2015
တည်ဆောက် တိုက်ခိုက်ပုံ အဆင့်အဆင့်
Subscribe to:
Post Comments (Atom)
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web
0 comments:
Post a Comment