ငါ့အရသာကို အညစ်အကြေးတစ်ခုလို ငါကိုယ်တိုင်ထွေးထုတ်လိုက်မိတယ်
သွေးကြောအမျှင်တွေခုံးထလာပုံက ဘိန်းစားကိုအရေခွံဆွဲဆုတ်လိုက် တဲ့အတိုင်း
ဆွေးမြည့်နေတဲ့ဆံပင်တွေ အထွေးလိုက်ကျွတ်ထွက်သွားတယ်
ပုတ်ရိနေတဲ့အရည်တွေ တစ်စက်ချင်းစီးထွက်လာတယ်
ဖူးရောင်နေတဲ့လက်ချောင်းတစ်ချော င်းစီတိုင်းက လက်သည်းခွံတွေကအနက်ရောင်
မှုတ်ထုတ်လိုက်တဲ့သက်ပြင်းပူပူေ တွနဲ့ရောပြီး ကျွတ်ထွက်သွားတဲ့သွားတွေ
ခပ်ဝေးဝေးကမျောထွက်လာတဲ့အူသံဟာ နားစည်ထဲ တုန်ခါပြီးတိုးဝင်သွားတယ်
ငါ့အသက်နဲ့ဘဝကို ကောင်းစွာသိမ်းထုပ်ထားပါရဲ့
ငါ့ဆန္ဒနဲ့အနာဂတ်ကို ကောင်းစွာမွေးမြူထားပါရဲ့
တစ်ခုခုကိုဆွဲဖွင့်လိုက်တိုင်း လောက်ကောင်တွေ တဖွားဖွားထွက်ကျလာပုံက
ငါတစ်သက်လုံးထမ်းပိုးလာခဲ့ရတဲ့ ငါ့အကုသိုလ်တွေအတိုင်း
လက်ကျန်ကိုချွတ်ယူလိုက်တိုင်း ခြောက်သွေ့မှုအစ အထီးကျန်နေရတာအဆုံး
တိတ်ဆတ်မှုကိုဖြဲကြည့်လိုက်ရင် တစ်ဘဝလုံးမှောင်နေတဲ့ အသက်ရှင်မှုကိုတွေ့ရမယ်
ငါတစ်သက်လုံးထမ်းပိုးလာခဲ့ရတဲ့ ငါ့အကုသိုလ်တွေအတိုင်း
လက်ကျန်ကိုချွတ်ယူလိုက်တိုင်း ခြောက်သွေ့မှုအစ အထီးကျန်နေရတာအဆုံး
တိတ်ဆတ်မှုကိုဖြဲကြည့်လိုက်ရင် တစ်ဘဝလုံးမှောင်နေတဲ့ အသက်ရှင်မှုကိုတွေ့ရမယ်
လတ်ဆတ်တဲ့လေပြည်လေညင်းတောင် ငါ့အဆုတ်ထဲ ကန့်လန့်ဖြဲဝင်သွားပေါ့
နံရံပေါ်ချိတ်ဆွဲထားတဲ့ မိသားစုဓာတ်ပုံအချို့ရယ် ငါ့ချစ်သူ ချွတ်ထားရစ်ခဲ့တဲ့ ဖိနပ်တစ်ရံရယ်
ငါ့ရန်သူအပေါ် အမျှဝေရမယ့်ရက်စွဲရယ်
ငါနဲ့ပက်သက်တဲ့ အညှီအဟောက်မှန်သမျှဟာ
မီးဝနေတဲ့သံပြားပေါ်ကဖယောင်းသားေ တွလို ပျော်ကျလာတယ်
နံရံပေါ်ချိတ်ဆွဲထားတဲ့ မိသားစုဓာတ်ပုံအချို့ရယ် ငါ့ချစ်သူ ချွတ်ထားရစ်ခဲ့တဲ့ ဖိနပ်တစ်ရံရယ်
ငါ့ရန်သူအပေါ် အမျှဝေရမယ့်ရက်စွဲရယ်
ငါနဲ့ပက်သက်တဲ့ အညှီအဟောက်မှန်သမျှဟာ
မီးဝနေတဲ့သံပြားပေါ်ကဖယောင်းသားေ
ပျော်ရွှင်ဖွယ်ရာတစ်ခုတလေ ထပြန်ချင်နေတာကလွဲရင်
ဘာအဆက်အသွယ်မှ ရောက်မလာဘူး
ဘာအဆက်အသွယ်မှ ရောက်မလာဘူး
ငါဟာအလဲလဲအပြိုပြို ငါဟာကယောင်ကတမ်း
ငါ့အသံတွေပြတ်ရွေ့ ငါ့အမြင်တွေပြတ်ရွေ့
ငါ့သူငယ်အိမ်တစ်ခုလုံး ပြည်ပုတ်တွေဖုံးသွားပြီ
ငါ့အသားစိုင်တွေကလည်း ရက်လွန်ခုတ်သားစတွေလို အညှီတလောင်းလောင်း
ငါ့အသံတွေပြတ်ရွေ့ ငါ့အမြင်တွေပြတ်ရွေ့
ငါ့သူငယ်အိမ်တစ်ခုလုံး ပြည်ပုတ်တွေဖုံးသွားပြီ
ငါ့အသားစိုင်တွေကလည်း ရက်လွန်ခုတ်သားစတွေလို အညှီတလောင်းလောင်း
ငါ့ဦးခေါင်းပေါ် ကျီးတွေပြိုဆင်းလာတယ်
ငါ့အသိဥာဏ်ပေါ် အမှန်အမှားတွေမှောက်ကျကုန်တယ်
ငါ့အသိဥာဏ်ပေါ် အမှန်အမှားတွေမှောက်ကျကုန်တယ်
ငါဟာ အလန့်တကြား ငါဟာ အထိတ်တလန့်
ငါ့ကိုယ်ငါ ငါ့ခန္ဓာကိုယ်ထဲကနေ သွေးရူးသွေးတန်း ဆွဲနှုတ်လိုက်မိတယ်
ငါ့လက်ထဲမှာ ငါကလွဲရင် ငါဟာ အရင်ကငါ့အတိုင်း။
0 comments:
Post a Comment