ချောင်ထဲမှာ တစ်ယောက်တည်း တိတ်ဆိတ်နေတယ်
ခြောက်ခြားစရာတွေချည်း ပြည့်နှက် လူတွေအားလုံး အတူတူချည်းပဲ
ငါ့အနာကို ပြင်းပြင်းထန်ထန် ထိုးနှက်ကြ
ဆဲသံတွေ မိုးမွှန်နေတဲ့ မိသားစု
ငါ့အဖေဟာ ငါ့ကို ဆဲနည်း ပေါင်းစုံနဲ့ မုဒိန်းကျင့်တယ်
ကိုယ့်ကိုကိုယ်ပဲ ပြန်ငိုပြရမလား နာကျင်နေတဲ့ မျက်ရည်တွေကို ငါမုန်းတယ်
ငါ့အရွယ်ကောင်မလေး တစ်ယောက် ပေါ့ပေါ့ပါးပါးရယ်မောနေတာကို
အားကျစိတ်တွေနဲ့ သူ့ကိုငါ သတ်ပစ်လိုက်ချင်တယ်
ချစ်ခြင်းမေတ္တာဆိုတာ လူ့လောက System unit ထဲက CPU တစ်လုံးပဲ
အေးချမ်းမှုတွေ ပျောက်သွားတဲ့အခါ Heat တွေ စောက်ရမ်းတက်ခဲ့ရ
ဂျိုကြွနေတဲ့ လိင်စိတ်နဲ့ ငါ့ရည်းစားတွေ
ငါ့ သွေးသားတွေကို အလုအယက်တောင်းဆိုကြ
ဟာသဆိုတဲ့ စကားလုံးထက် ပိုရယ်ရတယ် ချစ်ခြင်းမေတ္တာ
ငါက အိမ်ပြန်ချင်တယ်လို့ ပြောတဲ့အခါ ငါ့ကို ဖက်ထားပါ
ပြီးရင် မင်းအိမ်ကို မင်းပြန်ရောက်နေပါပြီကွယ်လို့ ပြောပါ
မေတ္တာတရားဟာ ရှာရ သိပ်ခက်တာပဲ
နာကျင်မှုတွေနားက ခဏခဏပြေးသွားတယ်
အမြဲတမ်းလိုလို ပြန်ရောက်ရောက်လာတယ်
*Run away, Run away… from the pain…
ငါချစ်တဲ့လူတွေကို ငါ့လက်ညှိုးနဲ့ တဒိုင်းဒိုင်း ပစ်ချလိုက်တယ်
သူတို့တွေ အကုန်လုံးသာယာလှပသွားကြတယ်
ငါ့လက်ညှိုးကို ငါ့နားထင်ကိုပြန်ထောက်လိုက်တယ်
ပန်းလှလှတွေ ဒိုင်းခနဲ ပွင့်တယ် လွတ်မြောက်ပါရစေကွယ်
ငါဟာ လူ့အဖြစ်ကို နာကျင်နေတဲ့ သေနတ်တစ်လက်ပါပဲ
Tuesday, March 1, 2016
janie's got a gun
Posted by
Unknown
at
6:44 PM
Labels: ကျော်ဦးလှိုင်
Subscribe to:
Post Comments (Atom)
Copyright © 2011 ခေတ်ပြိုင်ကဗျာများ
Designed by headsetoptions, Blogger Templates by Blog and Web
0 comments:
Post a Comment